ယခုဘဏ္ဍာနှစ် တတိယသုံးလပတ်ကာလတွင် Summit Power ၏ အမြတ်ငွေများ ၄၃ ရာခိုင်နှုန်းခန့် ရုတ်တရက် ထိုးကျ

Powered by Drupal

     လျှပ်စစ်ထုတ်လုပ်မှုကဏ္ဍတွင် ဦးဆောင်ရပ်တည်နေသော Summit Power ကုမ္ပဏီသည် ၎င်း၏ ယခုနှစ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၏ တတိယသုံးလပတ်ကာလအတွက် အမြတ်ငွေများသည် အစိုးရအေဂျင်စီများ၏ စွမ်းအင်ဝယ်ယူမှု သဘောတူညီချက် (PPA) သက်တမ်းမတိုးခြင်း များကြောင့် ၄၃ ရာခိုင်နှုန်းခန့် ရုတ်ရက်ကျဆင်းသွားကြောင်း သိရပါသည်။ ၎င်း၏ ရှယ်ယာတစ်ခု ချင်းဝင်ငွေ (EPS) သည် ယခင်နှစ်တူညီသောကာလနှင့် နှိုင်းယှဥ်ကြည့်လျှင် tk ၀.၆၉ မှ tk ၀.၃၉ အထိ ကျဆင်းသွားကြောင်း ဒါကာစတော့လဲလှယ်‌ရေး (DSE) ၏အဆိုအရ သိရပါသည်။ ပြီးခဲ့သော နောက်ဆုံးလအပါအဝင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၏ မတ်လအထိ ကိုးလတာကာလအတွင်းကုမ္ပဏီ ၏ EPS သည် ယခင်နှစ်ထက် tk ၁.၄၆ ကျဆင်းခဲ့ကြောင်း သိရပါသည်။ ထိုသို့ကျဆင်းမှုသည် ၎င်းတို့စက်ရုံများထဲမှ စက်ရုံတစ်ခုတွင် လျှပ်စစ်စွမ်းအားဝယ်ယူမှု သဘောတူညီချက် သက်တမ်း ကုန်ခြင်းနှင့် သက်တမ်းမတိုးခြင်းများကြောင့် အဓိကဖြစ်ကြောင်း သိရပါသည်။ ထို့အပြင် ၎င်း၏ အခြားစက်ရုံတစ်ရုံတွင် National Load Dispatch Centre (NLDC) မှလိုအပ်ချက် မရှိသောကြောင့် ကာလအစိတ်အပိုင်းတစ်ခုအဖြစ်သာ လည်ပတ်ခဲ့ရ‌ကြောင်းနှင့် ၎င်း၏ တစ်ခြားစက်ရုံ ၃ ရုံတွင် PPA သက်တမ်းတိုးပြီးနောက်တွင် ဝင်ငွေမ်းကြောင်းများ မရရှိကြောင်း သိရပါသည်။ ၎င်းတို့၏ ဝင်ငွေအကောက်ခွန်အသုံးစရိတ်များသည် စက်ရုံများတွင် အကောက်ခွန် စည်းကြပ်မှုများရှိလာသောကြောင့် မြင့်တက်ခဲ့ကြောင်း သိရပါသည်။ သို့ရာတွင် Summit ကုမ္ပဏီ ၏ အသားတင် လုပ်ငန်းလည်ပတ်ဝင်ငွေ (NCFPS) သည် ယခင်နှစ်တူညီသောကာလထက် tk ၇.၀၅ မှ tk ၇.၂၃ အထိ တဖြည်းဖြည်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ DSE ၏ အစီရင်ခံစာအရ Summit Power ၏ ရှယ်ယာများသည် tk 14 ၀.၇၂ ရာခိုင်နှုန်းခန့်မြင့်တက်ခဲ့ကြောင်း သိရပါသည်။

Source:  The Daily Star    

Doca(ရန်ကုန်)