ဈေးကွက်အတွင်းဘိလပ်မြေဈေးနှုန်းများအဆမတန်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိ စေရေးအတွက်ပူးပေါင်းအဖွဲ့ဖြင့်ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ၂၀၂၅ ခုနှစ် မတ်လ (၂၈)ရက်နေ့တွင် ဖြစ်ပွားသော မန္တလေးငလျင်ကြီး လှုပ်ခတ်မှုနှင့် ဆက် စပ်၍ ဈေးကွက်၌ ဘိလပ်မြေ ဝယ်လိုအား မြင့်တက်ခဲ့သဖြင့်  အဆမတန် ဈေးနှုန်းမြှင့်တင်ရောင်းချ ခြင်းမရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် ရောင်းဝယ်လျှက် ရှိသည့် ဆောက်လုပ်ရေး ပစ္စည်းဆိုင်များသို့ မေလ (၂)ရက်နေ့၊ နံနက် (၀၈:၃၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ မြို့နယ်ရဲမှူး ဦးမောင်မောင် လွင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးတင်ထွန်းအောင်၊ စားသုံးသူရေးရာဦးစီး ဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းတို့ ပူးပေါင်းအဖွဲ့သည် စည်ပင်လမ်း၊ ပြည်တော်သာရပ်ကွက်၊ မကျီးတန်းရပ်ကွက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းအရောင်းဆိုင်မှ ပိုင်ရှင်များနှင့် တွေ့ဆုံပြီး နေပြည်တော်၊ ရန်ကုန်တိုင်းဒေကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် (၂၇.၄.၂၀၂၅)ရက်နေ့၌ ရောင်းချလျှက်ရှိသော ဘိလပ်မြေ၊ အုတ်သဲ၊ ကျောက်၊ သံ အရောင်း ဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ရာ အမြတ် ၁၀ရာခိုင်နှုန်း အထက်မှ ၁၅ ရာခိုင် နှုန်းအထိ ရောင်းချသော အရောင်းဆိုင်များ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး မြို့နယ်များမှ အမြတ် ၃၀ ရာခိုင်နှုန်းအထက် ရောင်းချသော အရောင်းဆိုင်များ အား ညွှန်ကြားချက်နှင့်အညီ အရေးယူဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ဆိုင်ပိုင်ရှင် များ အနေဖြင့် မိမိတို့ ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများအား အမြတ် ၁၀ ရာခိုင်နှုန်း ဖြင့် မကျော်သော ဈေးများဖြင့်သာ ပြန်လည်ဖြန့်ဖြူး ရောင်းချကြရန်နှင့် ဆိုင် ရှိပစ္စည်းလက်ကျန် ဈေးနှုန်းတို့အား စာရင်းကောက်ယူ ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

DOCA(ရန်ကုန်)