ပြည်ပတွင်ထုတ်လုပ်သော ရုပ်ရှင်အားလုံးအား အခွန်စည်းကြပ်သွားမည့် သမ္မတဒေါ်နယ်ထရန့်

Powered by Drupal

အမေရိကန်သမ္မတဒေါ်နယ်ထရန့်က နိုင်ငံရပ်ခြားတွင် ထုတ်လုပ်သည့် ရုပ်ရှင်များအားလုံး အပေါ် ၁၀၀ ရာခိုင်နှုန်းအခွန်စည်းကြပ်မှု စတင်မည်ဖြစ်ကြောင်း မေလ ၄ ရက်နေ့က ပြောကြားခဲ့ သည်။ သူ၏ Truth Social Platform တွင်လည်း အမေရိက၏ ရုပ်ရှင်လုပ်ငန်းများ လျှင်မြန်စွာ ပျက်စီးနေကြပြီဖြစ်ကြောင်းကို ရေးသားဖော်ပြခဲ့သည်။ အခြားနိုင်ငံများသည် အမေရိကန်မှ ရုပ်ရှင် ရိုက်ကူးသူများနှင့် စတူဒီယိုများအား ဆွဲထုတ်သွားရန်မက်လုံးအမျိုးမျိုးပေး ဆောင်ရွက်လျှက်ရှိ ကြောင်း ဟောလိဝုဒ်နှင့် အခြားနေရာအများအပြားတွင်လည်း ကမောက်ကမများဖြစ်လျှက်ရှိကြောင်း ထရန့်မှထိုအခြေအနေများကို အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုဟုခေါ်ဆိုကာ ပြောကြားခဲ့သည်။ ထို့ကြောင့်ထရန့်မှ ကူးသန်းရောင်းဝယ်ရေးဌာနနှင့် အမေရိကန်ပြည်ထောင်စုကုန်သွယ်ရေးကိုယ်စား လှယ်တို့အား နိုင်ငံရပ်ခြားမှ ထုတ်လုပ်၍ နိုင်ငံအတွင်းသို့ ရောက်ရှိလာသည့် မည်သည့်ရုပ်ရှင်များကို မဆို ၁၀၀ ရာခိုင်နှုန်းအခွန်စည်းကြပ်မှု လုပ်ငန်းစဉ်ကို စတင်ရန်အခွင့်အာဏာပေးအပ်ထားကြောင်း သိရသည်။

DOCA(ရန်ကုန်)