
၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့ နေ့လည် ၁၂:၀၀ နာရီ အချိန်တွင် ကော့သောင်းမြို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များဖြစ်သော မြို့နယ်စီမံအုပ်ချူပ်ရေး အဖွဲ့၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အကောက်ခွန်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ကော့သောင်းမြို့နယ်ရှိတရားမဝင်ကုန်ပစ္စည်းများဝင်ထွက်နေမှု ရှိ/မရှိ ရှောင် တခင်စစ်ဆေးခြင်း များဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါ မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များသည် ကွင်း ဆင်းစစ်ဆေးရာတွင် ကော့သောင်းမြို့ အေးရိပ်ငြိမ်းရပ်ကွက်၊ ရေခဲစက်လမ်းထိပ်တွင် စုပုံထားသည့် တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသော ဒေါ်စန္ဒာတင် (အဘ ဦးတင်ငွေ) မှတ်ပုံတင်အမှတ် ၆/တသရ(နိုင်)၁၀၀၈၆၄ ပိုင်ဆိုင်သည့် Chest Freezer (70L), Model:BD-15H, Brand: SAMSONIC, C/O: China-125U ခန့်မှန်းတန်ဖိုးငွေကျပ် (၄၅,၀၀၀,၀၀၀/-)ခန့် ပစ္စည်းများအားတွေ့ရှိသဖြင့် အမှုတွဲအမှတ် ၊၁၁-ကသ(တတန)/၂၀၂၅(၀၂၂)ဖြင့်အမှုဖွင့်လှစ်၍ ထိုပစ္စည်းတင်သွင်းလာခြင်းသည် ပင်လယ်ရေကြောင်း အကောက်ခွန် အက်ဥပဒေ၊ ကုန်လမ်းအကောက် ခွန်အက်ဥပဒေအရ အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)