ပန်းတနော်မြို့၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး Abate(အဘိတ်)ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ မကြာမှီတွင် မိုးဦးကာလ ရောက်ရှိလာမည်ဖြစ်သဖြင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးနှင့် ပိုးလောက်လန်း ပေါက်ပွားမှုမှ ကာကွယ်နိုင်ရန် ၂-၅-၂၀၂၅ ရက်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်ရှိ အခြေခံပညာ ကျောင်းများနှင့် ရပ်ကွက်နေပြည်သူ နေအိမ်များတွင်  အဘိတ်(abate)ဆေးခတ်ခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

    ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့်အဖွဲဝင် များပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါများ ကာကွယ်နိုင် ရေးနှင့်ပိုး‌လောက်လန်း ပေါက်ဖွားမှုမှကာကွယ်နိုင်​ရေး ရေတင်ကျန်နိုင်သော ဘူးခွက်များ၊ ရေပုံး၊ ရေအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်ပြီး ရေတိုင်ကီ၊ ကျောက်စည်ပိုင်းနှင့် ရေကန်များအား အဘိတ်(abate) ဆေးခတ်ခြင်းလုပ်ငန်းများနှင့် ကျန်းမာရေး အသိပညာပေး ခြင်းလုပ်ငန်းများ ကြိုတင်ပြင်ဆင်ထားနိုင်ရန်ကိုလည်း အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)