ကော့သောင်းမြို့နယ် မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးဖွဲ့ဝင်များ နှင့်အတူ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     ၂၀၂၅ ခုနှစ်၊ မေလ ၂ ရက်နေ့  ၁၅:၀၀ နာရီ အချိန်တွင်  ကော့သောင်းမြို့ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များဖြစ်သော မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့၊ ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အကောက်ခွန်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ကော့သောင်းမြို့နယ်ရှိတရားမဝင်ကုန်ပစ္စည်းများဝင်ထွက်နေမှု ရှိ/မရှိ ရှောင် တခင်စစ် ဆေးခြင်း များဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

  အဆိုပါ မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များသည် ကွင်း ဆင်းစစ်ဆေးရာတွင် ကော့သောင်းမြို့ ရွှေဇင်ယော်ရပ်ကွက်၊ ပျဉ်းမလမ်းထိပ်လှေဆိပ်တွင် စုပုံထားသည့် တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသော ပိုင်ရှင်အမည် ဦးညီညီစိုး Lithium Ion Batteries (1022×632×360mm)Brand :EENOVANCE ,CO:China-14U Tyre (7.50-16LT)Brand:STAMINA,CO:India -50UFabric Soft ener (20mI×360 Pouches) Brand:Hygiene,CO:Thailand-100Pkgs ခန့်မှန်းတန်ဖိုးငွေ ကျပ် (၆၀,၅၀၀,၀၀၀/-)ခန့် ပစ္စည်းများအားတွေ့ရှိသဖြင့် အမှုတွဲအမှတ် ၊၁၁-ကသ (တတန) /၂၀၂၅(၀၂၃/၀၂၄)ဖြင့်အမှုဖွင့်လှစ်၍ ထိုပစ္စည်းတင်သွင်းလာခြင်းသည် ပင်လယ်ရေ ကြောင်းအကောက်ခွန်အက်ဥပဒေ၊ ကုန်လမ်းအကောက်ခွန်အက်ဥပဒေအရ အကောက် ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)