ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     စစ်ကိုင်းတိုင်ဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့သစ်ရာမြိုင်ဈေးအတွင်းရှိ ကုန်မျိုးစုံ ရောင်းဝယ်ရေးဆိုင်များတွင်(၇.၅.၂၀၂၅)ရက်နေ့ ၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ဝေဝေအောင် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဌ ဗိုလ်မှူးဖြိုးသန့်ဇင်ထွန်း၊ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ယွန်းမီမီထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ် ယုဝေမင်းနှင့် ရဲတပ်သားများ၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ မှ ဒုတိယဦးစီးမှူး ဒေါ်ခိုင်ခိုင်ဝင်း နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီး ဒေါ်မြင့်မြင့်ရီ တို့အဖွဲ့ ပူးပေါင်းပါဝင်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်များ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မြို့နယ်တာဝန်ခံမှ ဌာနအနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ကုန်ပစ္စည်းများ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတို့အတွက် ဈေးကွက် မရောက်မီကုန်စည်များနှင့် ဈေးကွက်ရောက်ပြီး ကုန်စည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ လစဉ် လျာထားချက်ထက်ကျော်လွန်ပြည့်မီအောင် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူကာကွယ် ရေး ဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ လိုက်နာဆောင်ရွက်ရမည့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြား ချက်အမှတ်(၂/၂၀၁၉) ပါအကြောင်းအရာများ၊ နို့နှင်နို့ထွက်ပစ္စည်းအမျိုးမျိုးတွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ နှင့် အခြားဘာသာ တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေဖော်ပြရမည်ဖြစ်ကြောင်း အသိပညာ ပေးဆွေးနွေးခဲ့ပြီး  နို့နှင်နို့ထွက်ပစ္စည်းအမျိုးမျိုးတွင် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ဖော်ပြပါရှိသည် ကိုလည်း စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)