
မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်း ကုန်စည် (၁၀)မျိုးထဲမှ ကော်ဖီမစ်အမျိုးမျိုးနှင့် ကလေးအသုံး အဆောင်ပစ္စည်း အမျိုးမျိုးအား ဘေးအန္တရာယ် ကင်းရှင်းမှုရှိ၊ မရှိ၊ ကုန်အညွှန်းအမှတ်အသားပါဝင်မှု ရှိ/မရှိ အခြေ အနေတို့ကို ၂.၅.၂၀၂၅ရက်နေ့ ၉နာရီအချိန်က မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ကွင်းဆင်းစစ်ဆေးကြသည်။
ထိုသို့ကွင်းဆင်းရာတွင် ပန်းတနော်မြို့နယ်တာဝန်ခံ နှင့်ဝန်ထမ်းများ ပန်းတနော်ဈေးကွက်အတွင်း ရောင်းချနေသော အသင့်သောက် အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည် ထုပ်ကုန်ပစ္စည်းများ၊ ကလေးအသုံးအဆောင်ပစ္စည်းအမျိုးမျိုး ဘေးအန္တရာယ်ရှိ၊ မရှိအခြေအနေများ၊ ရောင်းချနေသည့် ကုန်အညွှန်းအမှတ် အသားများ ပါရှိမှုရှိ၊ မရှိအခြေအနေများကို ကွင်းဆင်းစစ်ဆေးကြပြီး ဈေးအတွင်းရှိ ဆိုင်ပိုင်များအား ကလေးအသုံးအဆောင်ပစ္စည်းများနှင့် ပတ်သက်၍ မှာယူရောင်းချ ရာတွင် ကုန်စည်အမျိုးအမည်၊ ထုတ်လုပ်သည့် ကုမ္ပဏီ၊ လိပ်စာပါရှိသော အရည်အသွေးစံချိန်စံညွှန်း ပြည်မှီသော ကုန်စည်များကိုသာ ရောင်းချရန်၊ ကလေူငယ်များအတွက် ထိခိုက်စေမည့်် အန္တရာယ်ရှိကုန်စည်များကို ရောင်းချခြင်းမပြုရန်၊ ကုန်အညွှန်းအမှတ်အသားပါရှိသော ကုန်စည်များကိုဦးစားပေး ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းကို အသိပညာပေး ဆွေးနွေးခဲ့သည်။
DOCA(ဧရာဝတီ)