ဒေးဒရဲမြို့နယ်အတွင်းရှိ လေးကျေးရွာတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၁၉.၆.၂၀၂၂)ရက်နေ့ (၀၉:၀၀)နာရီအတွင်း လေးကျေးရွာသို့ ကွင်းဆင်း၍ စားသုံးသူကာကွယ်ရေး ဟောပြောပွဲဆွေးနွေးခြင်းနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကျေးရွာ အတွင်းရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          အဆိုပါ ဟောပြောဆွေးနွေးပွဲတွင်  စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သက်၍  စားသုံးသူကာကွယ်ရေးဆိုင်ရာ  အကြောင်းအရာများ၊ စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူများအကျိုးစီးပွား  ကာကွယ်ရေးဆောင်ရွက်ချက်များ၊ စားသုံးသူများအနေဖြင့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ  ဝယ်ယူခြင်းမပြုမီ  သတိပြုဆောင်ရွက်ရမည်အချက်များ၊  ကုန်စည်နှင့်  စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စာသုံးသူက  တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို   ကုန်အညွှန်းအမှတ်အသား  ဖော်ပြခြင်းနှင့်  စပ်လျဉ်း၍  ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီသိသာထင်ရှားစွာဖော်ပြရမည်အချက်များ၊ ဥပဒေပုဒ်မ (၄၁) ၊ပုဒ်မခွဲ (ခ) နှင့် (ဆ) တို့ပါ ကုန်အညွှန်းအမှတ်အသား‌ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊  မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ်  တစ်ခုထက်ပို၍  တွဲလျက်ဖြစ်စေဖော်ပြထားသည့်  ကုန်ပစ္စည်းများ၊ သတိထား ရွေးချယ်ချယ်ရမည့်အချက်များ၊ ဓာတုဆိုးဆေး၊ တာရှည်ခံဆေး၊ ပိုးသတ်ဆေးများ အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်တက်သည့် ဘေးအန္တရာယ်များအကြောင်း အသိပေးဟောပြောဆွေးနွေးပြီး မိမိတို့စားသုံးသူရေးရာဦးစီးဌာန အနေဖြင့်လည်း  ကုန်စည်နှင့်ဝန်ဆောင်မှုများ လုံခြုံစိတ်ချရမှုရှိစေရေး အသိပညာပေးခြင်း ဘေးအန္တရာယ်ရှိသော  ကုန်စည်နှင့်ဝန်ဆောင်မှုများ ဈေးကွက်အတွင်းမှ  ပြန်လည်သိမ်းဆည်းစေရေး၊ တားမြစ်ရေးများကို အခါမလပ်ကြိုးစားအားထုတ် ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း အသိပေးဟောပြော ဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိနေကြောင်းဟောပြော ဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)