
သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်း အမျိုးအစားပေါင်း (၂၀) ကို FDA Myanmar ထုတ်ပြန် ထားသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ တိုင်းရင်းဆေးပညာဦးစီးဌာနဆို့ပူးပေါင်း၍ မြို့နယ်တွင်းရှိ အလှကုန်အရောင်းဆိုင်များကို လစဉ်ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိသည်။
၄-၅-၂၀၂၅ ရက်နေက ဓနုဖြူမြို့နယ်ဦးစီးမှူးဦးဝင်းမင်းစိုးနှင့် ပူးပေါင်းအဖွဲ့သည် နေ့လည် (၁၁၀၀)အချိန်က အလှကုန်နှင့် စတိုးဆိုင်၅ရပ်ကွက်ရှိ ဦးခင်ရွှေ၊ ဒေါ်အေးအေးမာ၊ ဦးဇော်မြင့်၊ ဦးနေအောင်၊ ဒေါ်နွယ်နွယ်ဝင်း အလှကုန်ဆိုင် မှ ရောင်းချသော အလှကုန်များကို ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် တရားမဝင်ကုန်စည်များ ရောင်းချခြင်းမရှိ MLM အလှကုန်ပစ္စည်းဈေးကွက်အတွင်း တရားဝင်လမ်းကြောင်းမှတစ်ဆင့် တင်သွင်းလာ သော ပြီး ရောင်းချခြင်း ရှိ/မရှိကို စစ်ဆေးခဲ့ကြပြီး ဓနုဖြူမြို့နယ်အလှကုန်ဈေးကွက်များအတွင်း မှတ်ပုံတင် Brand များကိုသာ ဈေးကွက်အတွင်းဦးစားပေးရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရသည်။ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)တွင်ပါရှိသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီမှုရှိသောကုန်စည်များ ဖြန့်ဖြူးရောင်းချခြင်းရှိ/ မရှိစစ်ဆေးခြင်းနှင့် ဥပဒေပါ အခန်း(၁၁)ရှိ ကုန်စည်နှင့်ပတ်သက်၍အာမခံချက်ပေးခြင်းနှင့် အခန်း(၁၇)ပါ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)