ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် သာပေါင်းမြို့နယ်တာဝန်ခံရုံး၌ (၂၀.၆.၂၀၂၂) ရက်နေ့ နေ့လည် (၁၁)နာရီတွင် သာပေါင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ဆန်စက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ဆွေးနွေးရာတွင် ဆန်စက်လုပ်ငန်းရှင်များ၏ အခက်အခဲများ၊ ထုတ်လုပ်နိုင်မှု အခြေအနေ၊ ဈေးနှုန်းဈေးကွက်၊ စိုက်ပျိုးမှုနှင့်ပတ်သက်သော အကြောင်းအရာများကို မေးမြန်း ဆွေးနွေးခဲ့ပြီး ဆန်စက်လုပ်ငန်းရှင်များဘက်မှ တွေ့ကြုံနေရသော အခက်အခဲများ၊ ဆန်ထွက်ရှိမှုနှုန်း၊ ဆန်စပါး ဈေးနှုန်းတို့ကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အကြံပေးညှိနှိုင်းခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)