စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ် တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံဒေါ်ခင်မေဝင်းနှင့် ဝန်ထမ်းများသည် စားသုံးသူဘေးအန္တရာယ် ကင်းရှင်းစွာ သုံးစွဲနိုင် ရေးရည်ရွယ်၍ ဇွန်လ(၂၁)ရက် နေ့လည် (၃) နာရီအချိန်တွင် ကျုံပျော် မြို့နယ်၊ အထောင်မြို့၊ သပြေငူ ကျေးရွာတွင် အသစ်ထုတ်လုပ်လျှက်ရှိသော Good Health သောက်ရေသန့်လုပ်ငန်းသို့ သွားရောက်၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် ကျုံပျော်မြို့နယ် တာဝန်ခံက မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြရန်နှင့် (၂၀၁၉) စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းများပြုလုပ်ကြရန် ကုန်စည်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ၊မရှိ စစ်ဆေးပြီး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)