စျေးကွက်အတွင်းရေရှည်ရပ်တည်နိုင်ရေး ပညာပေး

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မိတ္ထီလာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၃၀-၄-၂၀၂၅) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီ အချိန်တွင် တောမကျေးရွာ၊ ကားလမ်းဘေးရှိ သီရိမုန့်တီလုပ်ငန်းရှင်နှင့်တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

          ထိုသို့ဆွေးနွေးရာတွင် ကုန်ကြမ်းအဖြစ် ဆန်ကြမ်း (ငစိန်) ဆန်၊ ပေါ်ဆန်း (ဆန်အလတ်) တို့ကို အသုံးပြုရကြောင်း သိရှိရပြီး၊ ဆန်းကြမ်းတစ်အိတ်လျှင် (၅၅၀၀၀) ကျပ်၊ ပေါ်ဆန်း (ဆလပ်)တစ်အိတ် လျှင် (၆၀၀၀၀) ကျပ်ဖြင့် ဝယ်ယူရပါသည်။ မုန့်တီဖက်ပြုလုပ်ရာတွင် ဆန်ကိုရေစိမ်၍ တခါစိမ်လျှင် သုံးအိတ်၊ သုံးရက်ကြာစိမ်ထားပြီး ကြိတ်ရ၍ ရရှိလာသည်များကို နှစ်ရက်ခန့်ထပ်ထားပြီးမှ စက်ထဲ ထည့်ပြီးရိုက်၍ ပြန်လည်ပြုတ်ရကြောင်း၊ ပြုတ်ပြီးလျှင် စက်ပြန်ရိုက်၍ အနှစ်ရလျှင် ရေနွေးထဲကိုလက် ဖြင့် ညှစ်ထည်၍ ပြန်ဆယ်ပြီးလျှင် ရေအေးထဲထည့်ကာ မုန့်တီရရှိပါကြောင်း သိရှိရ၍ ဆန် သုံးအိတ်ကြိတ်လျှင် အချိန် (၁၅၀) မှ (၂၀၀) ထိ ထွက်ရှိပြီး မုန့်ဖက် တစ်ပိဿာလျှင် (၂၇၀၀) ကျပ်၊ တစ်လတွင် လေးကြိမ်စိမ်ရ၍ ရေသန့် (၃)ဘူးမှ (၁၀)ဘူးထိ အသုံးပြုရပြီး မိတ္ထီလာမြို့နယ်အတွင်းသာ ရောင်းချ သော မိသားစုတစ်နိုင်တစ်ပိုင် လုပ်ငန်းဖြစ်ကြောင်းသိရှိရပါသည်။

          မြန်မာလူမျိုးများအနေနှင့် နေ့စဉ်နံနက်၊ အဆာပြေစာအဖြစ် မုန့်တီ၊ မုန့်ဟင်းခါးတို့ကို နှစ်ခြိုက်စွာ စားသုံးလေ့ရှိရာ မုန့်ဖက်ပြုလုပ်သောလုပ်ငန်းများအနက် မိတ္ထီလာမြို့နယ်ရှိ သီရိမုန့်ဖက်မှာလည်း အရောင်းသွက်သောလုပ်ငန်းဖြစ်ကြောင်းသိရသည်။

          လူတိုင်းနေ့စဉ်နှစ်ခြိုက်စွာ စားသုံးသောအစားအစာဖြစ်၍ စားသုံးသူရေးရာဦးစီးဌာနအနေနှင့် ဘေးအန္တရာယ်ကင်းသော၊ လုံခြုံစိတ်ချရသော အစားအစာအဖြစ် စျေးကွက်တွင်ရေရှည် ရပ်တည်နိုင်ရန် ပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(မန္တလေး)