တောင်ငူခရိုင်အတွင်း ငလျင်ဘေးဒဏ်သင့်ပြည်သူများအား အခြေခံစားကုန်များအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေး

Powered by Drupal

     ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် တောင်ငူခရိုင်အတွင်း ငလျင်ဘေးဒဏ် သင့်ပြည်သူများအား အခြေခံစားကုန်များကို သက်သာသောနှုန်းထားဖြင့် ဧပြီလ ၃ ရက်နေ့က စတင်၍ mobile မော်တော်ယာဉ်များဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိပါသည်။

      တောင်ငူခရိုင်အတွင်းရှိ မြို့နယ်များမှ ဆန်ကုန်သည်နှင့်ဆန်စက်လုပ်ငန်းရှင်များသည် ဆန် တစ်ပြည်လျှင် ၃၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များက စားသုံးဆီတစ်ပိဿာလျှင် ၇၈၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ကြက်မွေးမြူရေးလုပ်ငန်းရှင်များက ကြက်ဥတစ်လုံးလျှင် ၃၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း ရောင်းချပေးလျက်ရှိပါသည်။

      ထို့အတူ မွေးမြူရေးလုပ်ငန်းရှင်များက အသားငါးများကိုလည်းကောင်း၊ တပိုင်တနိုင် စိုက်ပျိုးထုတ်လုပ်သူများက ဟင်းသီးဟင်းရွက်များကိုလည်းကောင်း သက်သာသောနှုန်းထားဖြင့် ရောင်းချပေးလျက်ရှိရာ mobile မော်တော်ယာဉ်များဖြင့် ရောင်းချရာသို့ စားသုံးသူရေးရာဦးစီးဌာန နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများက ကြီးကြပ်၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြောင်း သိရပါသည်။

DOCA(ပဲခူး)