လက်ပံတန်းမြို့၌စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့၌ ကရေကရာရောင်းဝယ်ရေးလုပ်ငန်းရှင်ဒေါ်မိုးမိုးအေးနှင့်၇.၄.၂၀၂၅ ရက်နေ့၊ နေ့လယ်(၁၃:၃၀)  နာရီ အချိန်တွင်   စားသုံးဌာနခွဲတာဝန်ခံဒေါ်ခိုင်ခိုင်ရီ နှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသား ‌ဖော်ပြခြင်းနှင့် စပ်လျဉ်း၍  ကုန်စည် အမျိုးအစားအလိုက်  သတ်မှတ်ချက်များနှင့်အညီဖြန့်ဖြူးရောင်းချရန်၊ ကုန်စည်၏ထုတ်လုပ်ရက်စွဲ သက်တမ်းကုန်ဆုံးရက်စွဲများ၊ထားသိုသိမ်းဆည်းမှုအညွှန်း၊သုံးစွဲပုံနည်းလမ်းများအားလည်းကောင်းဥပဒေအခန်း(၁၀)ပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ဥပဒေအခန်း(၁၁)ပါကုန်စည်နှင့် စပ်လျဉ်း၍   အာမခံချက်ပေးခြင်းဖြင့် စားသုံးသူ လက်ခံနိုင်သည့် အရည်အသွေးရှိခြင်းကို အထူးအလေးထား  ဆောင်ရွက်ရန်အသိပညာပေး  ဆွေးနွေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာ‌စောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)