စားအုန်းဆီအရောင်းဆိုင်အား သတ်မှတ်စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးမျိုးအေးနှင့် ဝန်ထမ်းများသည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်းစစ်ဆေးရေးမှူး ဦးအောင်စိုးမိုး နှင့်အတူ တိုက်ကြီးမြို့နယ်ရှိ စားအုန်းဆီလက်လီအရောင်းဆိုင်သို့ (၆.၅.၂၀၂၅)ရက်နေ့ နံနက် (၁၁:၀0) အချိန်တွင် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့စစ်ဆေးခဲ့ရာတွင် စားအုန်းဆီရောင်းချနေသော လက်လီကိုယ်စားလှယ် ပြည့်ဖြိုးမောင်ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ မိမိရရှိသောခွဲတမ်းကို စာအုပ်စနစ်ဖြင့် အိမ်ထောင်စုတစ်ခုလျှင် (၅၀) ဆယ်သားနှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် တစ်လကို (၂)ပိဿာ နှုန်းရရှိကြပြီး မိမိတို့ရပ်ကွက် အလိုက် စနစ်တကျရောင်းချပေးပါကြောင်း၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းလည်းမရှိဘဲ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းပေးပါကြောင်း၊ လက်ကျန်လည်း ထားရှိခြင်းမရှိပါကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)