“ကော့မှူးမြို့နယ်တွင်နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနား ကျင်းပ ”

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးအခန်းမ၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် (၂/၂၀၂၅)လနှင့် (၃/၂၀၂၅)လအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို  မေလ (၇)ရက် နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင်  ကျင်းပပြုလုပ်ခဲ့ပါသည်။

     ထိုအခမ်းအနားသို့ မြို့နယ်ထောက်ပံ့ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များမှ မြို့ပေါ်ရပ်ကွက်နှင့် ကားလမ်းတစ်ကျော ကျေးရွာများရှိ နေရပ်စွန့်ခွာ ပြည်သူ(၆၅)ဦးအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။ ထို့ပြင် မြို့နယ်ထောက်ပံ့ရေး အဖွဲ့ဝင်များ ပါဝင်သောအဖွဲ့ခွဲများက အရှေ့ခြမ်းနှင့် အနောက် ခြမ်း ကျေးရွာများရှိ နေ့ရပ်စွန့်ခွာပြည်သူ (၃၉)ဦးအား သက်ဆိုင်ရာ ကျေးရွာအုပ်စုများအထိ သွားရောက်၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး ထောက်ပံ့ရမည့် နေရပ်စွန့်ခွာ ပြည်သူအားလုံး စုစုပေါင်း (၁၁၂)ဦးရှိသည့်အနက် (၈)ဦးမှာ ၎င်းတို့၏နေရပ်သို့ ပြန်လည်ထွက်ခွာသွားသည့်အတွက် ကျန်ရှိနေသူ ပြည်သူ(၁၀၄)ဦးအား တစ်ဦးလျှင် (၄၀၀၀၀/-)ကျပ်နှုန်းဖြင့် စုစုပေါင်းတန်ဖိုးငွေကျပ် (၄၁၆၀၀၀၀/-)အား ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရှိရသည်။

DOCA(ရန်ကုန်)