“ သန်လျင်မြို့နယ်ရှိ City Mart Super Market အတွင်း သွားတိုက်ဆေးများအား ဈေးကွက် စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ City Mart Super Market အတွင်း၌ ရောင်းချနေသော သွားတိုက်ဆေးအမျိုးမျိုးတို့တွင် စားသုံးသူပြည်သူများ ရွေးချယ်ဝယ်ယူ အသုံးပြုရာတွင် လို အပ်သော ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ သိရှိစေရန် (၂၀၂၅) ခုနှစ် မေလ(၇)ရက်နေ့၊ နံနက်  (၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးခဲ့သည်။

     အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ သန်လျင်မြို့မှ ဒေါငြိမ်းငြိမ်းဝင်း (ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် သန်လျင်မြို့နယ် အောင်ချမ်းသာရပ်ကွက်ရှိ City Mart Super Market သို့ သွားရောက်ပြီး မန်နေဂျာနှင့် တွေ့ဆုံ၍ City Mart အတွင်းရောင်းချလျက်ရှိသည့် သွားတိုက်ဆေး အမျိုးမျိုးတို့တွင် စားသုံးသူပြည်သူများ ဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်း ရှင်းစေရန်နှင့် စိတ်ကျေနပ်မှု ရရှိစေရန်အလို့ဌာ အဆိုပါ သွားတိုက်ဆေးနှင့် ပတ်သတ်သည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင်လည်း မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြား ဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိပါက ဈေးကွက်အတွင်း ရောင်းချမပြုလုပ်ကြရန်နှင့် ထိုသို့ ရောင်းချပါက စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)