
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် အိမ်ဆောက်ပစ္စည်းများ ရောင်းချသော အရောင်းဆိုင်များသို့ ဈေးကွက်အတွင်း ဘိလပ်မြေဈေးနှုန်းများ အဆမတန် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းရှိ/မရှိအား မေလ (၃)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ မြို့နယ်ရဲမှူး ဦးမောင်မောင်လွင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးတင်ထွန်းအောင်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းတို့ ပူးပေါင်းအဖွဲ့ သည် ဗိုလ်ချုပ်လမ်းရှိ မကျီးတန်းကျေးရွာအုပ်စု၊ နတ်စင်ကုန်းစံပြကျေးရွာရှိ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းအရောင်းဆိုင်များမှ အိမ်ဆောက်ပစ္စည်းများဖြစ်သည့် ဘိလပ်မြေ၊ အုတ်သဲ၊ ကျောက်၊ သံ အရောင်းဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ရာ ဆောက်လုပ်ရေး သုံးပစ္စည်းများ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းရှိ/မရှိနှင့် ပစ္စည်းလက်ကျန်အခြေအနေတို့အား စာရင်းကောက်ယူစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဈေးကွက် အတွင်း ဈေးနှုန်းအဆမတန်မြှင့်တင် ရောင်းချခြင်းများမပြုလုပ်ကြရန်၊ ဈေးနှုန်း မြှင့်တင် ရောင်းချခြင်းများရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြေပြင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
DOCA(ရန်ကုန်)