
ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့သည် စိုက်ပျိုးရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန် ကတိကဝတ်များကို ထပ်မံအတည်ပြုခဲ့ပြီး လာအိုနိုင်ငံမှ စိုက်ပျိုးမြေသြဇာ သွင်းအားစုများ ထောက်ပံ့မှုကို ကမ္ဘောဒီးယားနှင့် ချိတ်ဆက်နိုင်ခြေများကို ဆွေးနွေးခဲ့ကြသည်။ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း (MAFF) ဝန်ကြီး Dith Tina နှင့် Linkham Douangsavanh တို့သည် Dith Tina လာအိုနိုင်ငံသို့ ဧပြီလ ၃၀ ရက်နေ့မှ မေလ ၃ ရက်နေ့အထိ တရားဝင် လာရောက်တွေ့ဆုံစဉ် စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် ပူးပေါင်းဆောင်ရွက်မှုအား တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ တွင် နှစ်နိုင်ငံ ၀န်ကြီးများ လက်မှတ်ရေးထိုးခဲ့သော နားလည်မှုစာချွန်လွှာတွင် ဆက်လက် ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြကြောင်း ၄-၅-၂၀၂၅ ရက်နေ့က ထုတ်ပြန်သည့် သတင်း ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါတွေ့ဆုံမှုရလဒ်အရ အဓိကဦးစားပေးကဏ္ဍသုံးရပ်တွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် နှစ်ဖက်သဘောတူခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထား သည်။ ၎င်းတို့တွင် စိုက်ပျိုးရေးသွင်းအားစုများ၊ အထူးသဖြင့် စိုက်ပျိုးရေးဓာတ်မြေသြဇာ အတွက် အစိတ်အပိုင်းများ ပူးပေါင်းဆောင်ရွက်ခြင်း၊ ကမ္ဘောဒီးယား လယ်ယာထွက်ကုန်များ အတွက် စျေးကွက်သစ်ဖွင့်ရန် လာအိုမှတဆင့် ရထားလမ်းနှင့် အမြန်ကားလမ်းကြောင်းများကို အသုံးပြုခြင်းဖြင့် နှစ်နိုင်ငံအကြား စိုက်ပျိုးရေးကုန်သွယ်မှုမြှင့်တင်ရေး၊ နှစ်နိုင်ငံစလုံး၏ အကျိုးစီးပွားကို မြှင့်တင်ရန်ရည်ရွယ်၍ စိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံတကာစင်မြင့်တွင် ဆက်လက် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
Source: Khmer Times
DOCA(ရန်ကုန်)