
Standard Chartered Bangladesh (SCB) က ၂၀၂၄ ဘဏ္ဍာနှစ်တွင် ၎င်း၏အမြတ်ငွေများသည် tk ၃၃၀၀ ကုဋေအထိရောက်ရှိခဲ့ပြီး ဘဏ်လုပ်ငန်းရှင်များကြားတွင် အမြင့်ဆုံးအမြတ်ငွေရရှိ မှုဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါသည်။ ၎င်း၏ အမြတ်ငွေများသည် ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဥ်လျှင် tk ၂၃၃၅ မှ tk ၃၃၀၀ အထိ စုစုပေါင်း ၄၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ၎င်းတို့၏ ဘဏ္ဍာရေးစာရင်း ရှင်းတမ်းများအရ သိရပါသည်။ ဗြိတိန်နိုင်ငံစုံဘဏ်က ၂၀၂၂ ခုနှစ်တွင် အမြတ်ငွေ tk ၁၆၅၅ ကုဋေ ခန့်ရရှိခဲ့ကြောင်း မှတ်တမ်းတင်ထားပြီး ၂ နှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၎င်းတို့၏ ဝင်ငွေများ သည် ၂ ဆ ရရှိခဲ့ကြောင်း ဖော်ပြထားပါသည်။ SCB ၏ အတွင်းရေးမှုး Naser Ezaz Bijoy က “ဘဏ္ဍာရေးစွမ်းဆောင်မှုများသည် ကောင်းမွန်သော အုပ်ချုပ်မှု နှင့် တိုးတက်လာသော ဘဏ္ဍာရေး ဆိုင်ရာဖြေရှင်းချက်များ၏ ထင်ဟပ်မှုဖြစ် ကြောင်း” ပြောကြားခဲ့ပါသည်။ အခွန်စည်းကြပ်ပြီး နောက် အမြတ်ငွေများ မြင့်တက်လာခြင်း သည် စွန့်စားမှု စီမံခန့်ခွဲရေး ချင့်ချိန်စွာဆောင်ရွက်ခြင်း နှင့် ကုန်ကျစရိတ်ထိန်းချုပ်မှု ပြုလုပ်ခြင်း များကြောင့် ဖြစ်ကြောင်း သိရပါသည်။ SCB ၏ ၂၀၂၄ ခုနှစ်အတွင်း အသားတင်ဝင်ငွေသည် ယခင်နှစ်ထက် tk ၂၇၁၇ ကုဋေခန့် ၃၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း သိရပါသည်။ နိုင်ငံခြားဘဏ်များက ၎င်းတို့၏ လုပ်ငန်းလည်ပတ်ဝင်ငွေသည် ဝင်ငွေမြင့်တက်မှုများ၊ ရင်းနှီးမြှုပ်နှံမှုပြန်လည်ရရှိမှုများ နှင့် ငွေလဲလှယ်ရေးဝင်ငွေများကြောင့် tk ၅၅၀၆ ကုဋေခန့် ၂၈.၂၅ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ကြောင်း သိရပါသည်။ SCB ၏ဝင်ငွေသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှိဘဏ်များဖြစ်သော HSBC Bangladesh၊ BRAC Bangladesh၊ City Bank၊ Pubali Bankနှင့် Dutch-Bangla Bank များထက် မြင့်တက်နေကြောင်း သိရပါသည်။ အဆိုပါ ဘဏ်များ၏ အမြတ်ငွေများသည် ၂၀၂၄ ဘဏ္ဍာနှစ်တွင် tk ၁၅၀၀ ကုဋေအောက်သာ ရရှိခဲ့ကြောင်း သိရပါသည်။
Source: The Daily Star
DOCA(ရန်ကုန်)