နတ်တလင်းမြိုနယ်အတွင်းရှိအိမ်ဆောက်ပစ္စည်း‌ဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ၊မရှိအားသွားရောက်စစ်ဆေး

Powered by Drupal

           ပဲခူးတိုင်းဒေသကြီး၊   နတ်တလင်းခရိုင်၊  စားသုံးသူရေးရာဦးစီးဌာန  နတ်တလင်းခရိုင် တာဝန်ခံရုံးမှ ခရိုင်တာဝန်ခံနှင့် ဝန်ထမ်းများသည်  (၁၀.၄.၂၀၂၅) ရက်နေ့တွင် မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ရေးအဖွဲ့၏ဝင်များနှင့် ပူးပေါင်း၍ နတ်တလင်းမြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များသို့ ဧပြီလဒုတိယပတ်တွင် အိမ်ဆောက်ပစ္စည်းများ ဈေးနှုန်း မြှင်တင်ရောင်းချ မှုရှိ၊မရှိနှင့် ပစ္စည်းပြတ်လပ်မှု မရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် နတ်တလင်းမြို့နယ်အတွင်းရှိ ရွက်လှ အိမ်ဆောက် ပစ္စည်းဆိုင်၊  ရတနာမှူးအိမ်ဆောက်ပစ္စည်းဆိုင်၊ ထိပ်တန်းတော်ဝင်အိမ်ဆောက်ပစ္စည်းဆိုင်နှင့် အထာသစ် အိမ်ဆောက်ပစ္စည်းဆိုင်များအား စားသုံးသူများသို့ အိမ်ဆောက်ပစ္စည်း များဖြစ်သည့် ဘိလပ်မြေ၊ သွပ်၊ သံချောင်း စသည့်ပစ္စည်းများအား ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမပြုရန်နှင့် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့်သာ ရောင်းချပေးကြပါရန် အသိပညာပေး ပူးပေါင်း ကွင်းဆင်းစစ်ဆေးခဲ့ကြေင်းသိရှိရပါသည်။

DOCA(ပဲခူး)