ပေါင်းတည်မြို့နယ်တွင် အိမ်ဆောက်ပစ္စည်းများပြတ်လပ်မှု မရှိစေရေး ဈေးနှုန်းမြှင့်တင် မရောင်းချရေး ဈေးကွက် စောင့်ကြည့်စစ်ဆေး

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ (၁၀.၄.၂၀၂၅)ရက်နေ့၊ နေ့လယ် (၂:၀၀)နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန     ၊မြို့နယ် စည်ပင်သာယာရေးအဖွဲ့ မှတာဝန်ရှိသူများ ဦးဆောင်၍ ပေါင်းတည်မြို့နယ် အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး(၅)ဆိုင်အား ဈေးကွက်  စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ကြရာ ယခု လတ်တလော အချိန်တွင် ဘိလပ်မြေအိတ်များ ပြတ်လပ်လျှက်ရှိပြီး အခြားအိမ်ဆောင်ပစ္စည်းများမှာ ပြတ်လပ်မှု မရှိဘဲ ပုံမှန်အတိုင်း ရောင်းဝယ်နေကြောင်း သိရပါသည်။

       ထိုသို့ဆောင်ရွက်ရာ၌ အိမ်ဆောက်ပစ္စည်းများကို ဈေးနှုန်းမြှင်တင်မရောင်းချရေး၊ လတ်တ လောပြတ်လပ်လျက်ရှိသော အိမ်ဆောက်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် ဖြည့်တင်း  ဆောင်ရွက်နိုင်ရေးအတွက် ဈေးကွက်စောင့်ကြည့် ပူးပေါင်းအဖွဲ့က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ ကြောင်းသိရပါသည်။

DOCA(ပဲခူး)