ဈေးကွက်အတွင်းရှိ အသင့်သောက်ကော်ဖီမစ်ထုတ်များတွင် ကုန်အညွှန်း အမှတ်အသားများပါဝင်မှုရှိ/မရှိ စစ်ဆေးခြင်း

Powered by Drupal

           ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးနေလင်း(ဌာနခွဲစာရေး)နှင့်ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ မေလ (၅) ရက်နေ့၊ နေ့လယ်(၁၂:၃၀) နာရီ အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပုဇွန်တောင်လမ်းမပေါ်ရှိ One Stop Kitchen တာဝန်ခံနှင့်တွေ့ဆုံ၍ Kitchen Mark အတွင်း ရောင်းချလျှက်ရှိသော အသင့်သောက် ကော်ဖီမစ် ထုတ်များတွင်  ကုန်အညွှန်းအမှတ်အသားများမြန်မာဘာသာဖြင့် ပြည့်စုံစွာရေးသား ဖော်ပြထား ခြင်း ရှိ/ မရှိ အား ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

           ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အသင့်သောက်ကော်ဖီမစ်ထုတ်များ ဖြစ်သော  One Twa, Milk Boy,  Platinum, Sunday စသည့် အမှတ်တံဆိပ်များတွင် အမျိုး အမည်၊ အသားတင်ပမာဏ၊ ကြိုတင်သတိပေးချက်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ဖော်ပြချက်စသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသည်ကို  စစ်ဆေး တွေ့ရှိရပြီး စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် ယခုလို ဈေးကွက် စောင့်ကြည့် စစ်ဆေးရခြင်းဖြစ်ကြောင်း အသိ ပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)