
ဂျပန်ဝန်ကြီးချုပ် Shigeru Ishiba က မော်တော်ယာဥ်အစိတ်အပိုင်းများအပေါ် အမေရိကန်၏ ၂၅ ရာခိုင်နှုန်း စည်းကြပ်ခွန်အသစ်သည် အစောပိုင်းတွင် အသက်ဝင်လာသည့် အတွက် စိတ်ပျက်မိ ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အစိုးရ အဖွဲ့အား ၎င်း၏ စည်းကြပ်ခွန်အစီအမံများကို ပြန်လည်သုံးသပ်ရန် ဆက်လက်တောင်းဆိုသွားမည်ဟု Ishiba မှ သတင်းထောက်များအားပြောကြားခဲ့သည်။ အင်ဂျင်နှင့် ဂီယာများ အပါအဝင် တင်သွင်း လာသော မော်တော်ကား အစိတ်အပိုင်းများအပေါ် အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်မှု အသစ်ကို စနေနေ့တွင် ချမှတ်လိုက်ခြင်းမှာ ဂျပန်၏ အဓိက မော်တော်ကားလုပ်ငန်းအတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခု ဖြစ်ပြီး ဧပြီလ အစောပိုင်းတွင် စတင် အသက်ဝင်ခဲ့သော မော်တော်ကားများ အပေါ် အခွန်နှုန်း တူညီသော နှုန်းထားဖြင့် စည်းကြပ်လိုက်ခြင်း ဖြစ်သည်။ မော်တော်ယာဥ်နှင့် သံမဏိကဲ့သို့သော ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန်ကင်းလွတ်ခွင့်များ ပေးဆောင်ရန် ဆန္ဒမရှိဟု သတင်းများထွက်ပေါ်ပြီးနောက် ဂျပန်သည် အမေရိကန်၏ အခွန်စည်းကြပ်မှုအားလုံးကို အမေရိကန် နှင့် ညှိနှိုင်းနေသည်ဟု Ishiba မှ ပြောကြားခဲ့သည်။ မော်တော်ယာဥ်များ၊ သံမဏိနှင့် အလူမီနီယမ် တို့အပေါ် တိုကျိုနှင့် ညှိနှိုင်းမှုတွင် အပြန်အလှန်အခွန်စည်းကြပ်မှုအပေါ် အဓိက အာရုံစိုက်ရန် ရည်ရွယ်ကြောင်း ကြာသပတေးနေ့က ဝါရှင်တန်တွင်ကျင်းပသော ၎င်းတို့၏ ဒုတိယ အကြိမ် ဆွေးနွေးပွဲတွင် ဂျပန်အား ပြောကြားခဲ့သည်ဟု ဂျပန်အစိုးရသတင်းရင်းမြစ်များကို ကိုးကား၍ ကျိုဒို သတင်းက ဖော်ပြသည်။ ဂျပန်နိုင်ငံသည် ၎င်း၏ စည်းကြပ်ခွန်အသစ်အားလုံးကို ပြန်လည်သုံးသပ် ခြင်းမပြုပါက အမေရိကန်အစိုးရနှင့် ကုန်သွယ်ရေးသဘောတူညီချက်ကို ချိုးဖောက်ရန် ရည်ရွယ် ချက် မရှိကြောင်း ထိပ်တန်းညှိနှိုင်းရေးမှူး Ryosei Akazawa က ဝါရှင်တန်ရှိ ဝန်ကြီးအဆင့် ဆွေးနွေးပွဲမှ ဂျပန်နိုင်ငံသို့ ပြန်လာစဉ် စနေနေ့က ပြောကြားခဲ့သည်။
Source : Xinhua
DOCA(ရန်ကုန်)