
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့ရှိ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ခုနှစ်၊ မေလ (၇)ရက်နေ့တွင် စားသုံးဆီ ရောင်းချသည့် ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးခြင်းတွင် စားသုံးဆီများကို ရည်ညွန်းဈေးဖြင့် ရောင်းချမှု ရှိ/မရှိ၊ ဆိုင်နာမည်၊ ဈေးနှုန်းများပါဝင်သည့် ဆိုင်းဘုတ်များ တပ်ဆင်ထားမှု၊ စားသုံးရန်သင့်သည့် စားသုံးဆီများသာ ရောင်းချမှု၊ လက်ကျန်ထားရှိမှုအခြေအနေများအား စစ်ဆေးခဲ့ပါသည်။ ထို့နောက် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၅)ပါ ကုန်စည်နှင့် ဝန်ဆောင်မှုများ လုံခြုံစိတ်ချရမှုအကြောင်းနှင့် အခန်း(၁၆)ပါ ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ် တာဝန်ရှိမှုများအကြောင်း လိုက်နာဆောင်ရွက်ရန် ပြောကြားခြင်းနှင့် စားသုံးသူပြည်သူများ တစ်စုံတစ်ရာ အန္တရာယ် မဖြစ်စေရေးပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ပေးရန် ပြောကြားခဲ့သည်ဟု သတင်း ရရှိပါသည်။
DOCA(ဧရာဝတီ)