ဖျာပုံမြို့ ကုန်မျိုးစုံရောင်းချနေသော ဆိုင်များရှိ စားသုံးဆီဘူးဆီများ FDA ထောက်ခံချက်ဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းသည် ၂၀၂၅ ခုနှစ်၊ မေလ (၇) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့မဈေးကြီးအတွင်း ကုန်မျိုးစုံရောင်းချနေသော ဆိုင်များတွင် စားသုံးဆီဘူးဆီများ FDA ထောက်ခံချက်ဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      အဆိုပါ စစ်ဆေးခြင်း၌ စားသုံးဘူးဆီများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ အရ အမျိုးအမည်(တံဆိပ်)၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသို သိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း ပါဝင်မှုများ၊ သန့်ရှင်းသပ်ရပ်စွာ ရောင်းချစေရေး၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့်  ထုတ်ပြန်ထားသော ညွှန်းကြားချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရန်၊  ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှု ရှိစေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ  စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေး ဆွေးနွေးခဲ့သည်ဟု သိရှိရပါသည်။

DOCA(ဧရာဝတီ)