ဘားအံမြို့ရှိ အမှတ် (၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်စုနွေးသီရိမောင်နှင့် ဝန်ထမ်းများသည် ၈-၅-၂၀၂၄ ရက်၊ ကြာသပတေးနေ့ နံနက် ၁၁:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အမှတ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြည်သူများအား စားသုံးသူကာကွယ်‌ရေးဆိုင်ရာ  သိကောင်းစရာအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။

     အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်စုနွေးသီရိမောင် က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများနှင့် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိသော အစားအသောက်နှင့်ကုန်စည်များကို စနစ်တကျရွှေးချယ်ဝယ်ယူ စားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်အညွှန်းအမှတ်အသားအကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံမှုများဖြစ်ပေါ်ပါက CICC သို့ တိုင်ကြား နိုင်ကြောင်း ဟောပြောဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ပြည်သူ (၁၀)ဦး  တက်ရောက်ပြီး  လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)