
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရပ်ကွက်/ ကျေးရွာနေ စားသုံးသူပြည်သူများနှင့် တိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ်များဖြစ်သော ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများ ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်စေရေး ရည်ရွယ်၍ ခရိုင်အတွင်း မြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာများနှင့် အခြေခံ ပညာကျောင်းများတွင် အသိပညာပေးဟောပြောဆွေးနွေးခြင်းများကို အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိရာ ပြည်ခရိုင် အတွင်း ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၆)ရက်မှ (၃၁)ရက် အတွင်း ပြည်မြို့တွင် ပြည်ကုန်စည်ဒိုင်သို့ ပြည်မြို့ပေါ်ရှိ ပွဲရုံလုပ်ငန်းရှင်များသို့လည်းကောင်း၊ အ.ထ.က(၄) စာသင်ကျောင်းသို့လည်းကောင်း၊ မြို့နယ်တာဝန်ခံများနှင့် ဝန်ထမ်းများသည် မြို့နယ် ပြန်ဆက်ရုံးနှင့်ပူးပေါင်း၍ စားသုံးသူအသိပညာပေး (Talk Show)ပွဲ ပြုလုပ်ခြင်းကိုလည်းကောင်း၊ ရွှေတောင်မြို့တွင် အ.မ.သ(ဖိုးသိန်းတန်)ကျောင်း၊ အ.မ.က(မီးလောင်)ကျောင်းနှင့် အ.မ.က (ဝါးတော)ကျောင်းများသို့လည်းကောင်း မြို့နယ် တာဝန်ခံ များနှင့် ဝန်ထမ်းများသည် မြို့နယ် ပြန်ဆက်ရုံးနှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာ ပေးဟောပြောခြင်းများ ခဲ့ပါသည်။
အဆိုပါ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာမြို့နယ် တာဝန်ခံ များမှ စားသုံးသူ အခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်း အမှတ်အသားဖေါ်ပြခြင်းဆိုင်ရာအချက်များ၊ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့် ပုဂ္ဂိုလ်များနှင့် နည်းလမ်းများ၊ တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့်လိပ်စာ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟု တားမြစ် ထုတ်ပြန်ထားသော ကုန်စည်များအား ရွေးချယ်ဝယ်ယူခြင်းမပြုရန်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
DOCA(ပဲခူး)