ဘားအံမြို့ရှိ အမှတ်(၆) ရပ်ကွက်တွင် အွန်လိုင်းစနစ်ဖြင့်မှတ်ပုံတင်ထားသောလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဒေါ်ဇာခြည်အောင်နှင့် ဝန်ထမ်းများသည် (၉-၅-၂၀၂၅) ရက် ၊ နံနက် (၀၉:၀၀) နာရီအချိန် တွင် ဘားအံမြို့ရှိ  အမှတ်(၆) ရပ်ကွက်အတွင်း Triangle Mart  နာမည်ဖြင့် အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ထားသောလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် No-23 အ.ထ.က (၄)လမ်း၊ အမှတ်(၆) ရပ်ကွက်၊ ဘားအံမြို့၊ လိပ်စာပါအတိုင်း Triangle Mart  နာမည်ဖြင့် မြေပြင်ပေါ်တွင် အမှန်တကယ် ရှိ/မရှိနှင့် ရောင်းချသည့် အလှကုန်ပစ္စည်းများ ၊ လူသုံးကုန်ပစ္စည်းများအမှန်တကယ်ရှိ/မရှိ သွားရောက်စစ်ဆေးခဲ့ရာ မြေပြင် ပေါ်တွင်  ဖော်ပြပါလိပ်စာနှင့်ကုန်ပစ္စည်းများအတိုင်း  မှန်ကန်မှုရှိကြောင်း စိစစ်တွေ့ရှိရသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်စုနွေး သီရိမောင်မှ ဆိုင်ပိုင်ရှင်အား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ မြေပြင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရမည့် အချက်(၁၇)ချက် အားမေးမြန်းဆောင်ရွက်ခြင်းနှင့် ကုန်ပစ္စည်းများအား လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)