မော်လမြိုင်မြို့နယ်၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်

Powered by Drupal

၅.၅.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ဒုတိယပြည်နယ်ဦးစီးမှူးနှင့် မော်လမြိုင်ခရိုင်ဦးစီးမှူးတို့သည် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ဟိုတယ်လုပ်ငန်းရှင်အသင်းတို့ပူးပေါင်း၍ မော်လမြိုင်မြို့၊ ဖက်ခင်းရပ်ရှိ M hotels ၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဟိုတယ်လုပ်ငန်းရှင် (၅၀) ဦး တက်ရောက်ခဲ့ ကြောင်း သိရှိရပါသည်။

အဆိုပါဟောပြောပွဲတွင် ပြည်နယ်ဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာန၏ ရည်ရွယ်ချက်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်တာဝန်များ၊ လုပ်ငန်း‌ဆောင်ရွက်ချက်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် မော်လမြိုင်ခရိုင်ဦးစီးမှူးက စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည်၊ ဝန်ဆောင်မှုအသုံးပြုရာတွင် စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများအကြောင်း စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)