မှော်ဘီမြို့နယ်၊ မြို့မဈေးအတွင်း စားသုံးသူအသိပညာပေး ဟောပြောခြင်း

Powered by Drupal

           စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ မှော်ဘီ မြို့နယ်ခွဲမှ ဝန်ထမ်းများသည် ၇.၅.၂၀၂၅ ရက်နေ့ နံနက် (၉:၃၀)နာရီတွင် မှော်ဘီမြို့မဈေး အတွင်း စားသုံးသူ ပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

          မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးမှ မြို့မဈေးအတွင်း စားသုံးသူ ပြည်သူများအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ ကုန်အညွှန်းအမှတ်အသားများနှင့် ပတ်သက်၍ စားသုံးမှုပြုရာတွင် သိရှိနိုင်ရန်နှင့် ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့်ပတ်သက်၍ စားသုံးသူများ ဆုံးရှုံးနစ်နာမှုများရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းများနှင့် သက်ဆိုင်ရာ ဌာနများမှ ဖော်ပြရန် သတ်မှတ်ထားသော အချက်အလက်များကို အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့ (၁၈)ဉီး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)