မှော်ဘီမြို့နယ်ရှိ စားအုန်းဆီဖြန့်ဖြူးသော ကုမ္ပဏီမှ စားအုန်းဆီကိုယ်စားလှယ်များအား တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်ခွဲရုံး၌ ၇.၅.၂၀၂၅ ရက်နေ့ နေ့လည်(၂:၀၀)အချိန်တွင် မှော်ဘီမြို့နယ်ရှိ စားအုန်းဆီကိုယ်စားလှယ်များအား ကုမ္ပဏီနှင့်ပူးပေါင်း ၍ တွေ့ဆုံဆွေးနွေးခြင်းများကို ပြုလုပ်ခဲ့ပါသည်။

          ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် မှော်ဘီမြို့နယ်ခွဲရုံးက ဉီးဇော်မျိုးထွန်း၊ ဉီးစီးမှူးမှ အဖွင့် အမှာစကားပြောကြားခဲ့ပြီး Aung Oo Thar Co.,Ltd လက်အောက်ရှိ စားအုန်းဆီကိုယ်စားလှယ် ဉီးဇေက စားအုန်းဆီကို စားသုံးသူပြည်သူလက်ဝယ်အမှန်တကယ်ရောက်ရှိအောင် ရောင်းချပေး ရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်နှင့် ဆီလက်ကျန်ထားရှိသော ဆိုင်များရှိပါက  ဖြန့်ဖြူးရောင်းချ ခွင့်ပယ်ဖျက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး ဉီးဇော်မျိုးထွန်းက စားအုန်းဆီနှင့် ပတ်သက်၍ အရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် သိမ်းဆည်းသိုလှောင်ထားခြင်းရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)