“ကော့မှူးမြို့နယ်သခွတ်ပင်ကျေးရွာအုပ်စုရှိဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး ”

Powered by Drupal

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် သခွတ်ပင်ကျေးရွာအုပ်စုရှိ ဆောက် လုပ်ရေးသုံးပစ္စည်းအရောင်းဆိုင်များသို့ ကော့မှူးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၏ ညွန်ကြား ချက်နှင့်အညီ ဘိလပ်မြေအမျိုးအစားအလိုက် ဈေးနှုန်းနှင့် ပစ္စည်းပြတ်လပ်မှုရှိ/မရှိ အခြေအနေ တို့အား မေလ(၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်အဆင့်ဌာန ဆိုင်ရာများ ပူးပေါင်း ၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး ဇော်ဖြိုးမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂) ဦးမြင့်ဦး၊ မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးစည်သူ၊ မီးသတ် ဦးစီးမှူး ဦးပြည့်ဖြိုးအောင်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းတို့ ပူးပေါင်း အဖွဲ့သည် သခွတ်ပင်ကျေးရွာရှိ မိဘရိပ် အိမ်ဆောက်ပစ္စည်းဆိုင်နှင့် ကြယ်စင်လင်း အိမ်ဆောက် ပစ္စည်းအမျိုးမျိုးရောင်းဝယ်ရေးဆိုင် စသည့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူ၊ သိုလှောင်၊ ဖြန့်ဖြူးသည့် ဆိုင်ပိုင်ရှင် လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး အိမ်ဆောက်ပစ္စည်းများဖြစ်သော သွပ်၊ သံ၊ ဘိလပ်မြေ၊ အိမ်ရိုက်သံနှင့် သစ်အစရှိသည့် ပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်း ချခြင်း၊ ဈေးကစားရန် ရည်ရွယ် ချက်ဖြင့် သိုလှောင်ထားခြင်း၊ ရောင်းချမှုမရှိဘဲ ကြာရှည်စွာ သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး သွပ်၊ သံ၊ ဘိလပ် မြေ၊ အိမ်ရိုက်သံနှင့် သစ် အစရှိသော ကုန်ပစ္စည်းဈေးနှုန်းများနှင့် ပစ္စည်းလက်ကျန် အခြေအနေ တို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)