ရောနှောဆန်များ ရောင်းချခြင်းရှိ/မရှိကို အဖွဲ့စုံဖြင့်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးနွယ်(ဦးစီးအရာရှိ) နှင့်ဝန်ထမ်းများ၊ ကုန်သည်များအသင်း၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် (၇.၅.၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၂:00)နာရီအချိန်တွင်  ပုဇွန်တောင်မြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရပ်ကွက်နှင့်ဈေးများရှိ ဆန်အရောင်းဆိုင် အချို့အား စိစစ်ခဲ့ရာ ဆန်ရောင်းချသည့် အမျိုးအစားများတွင် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီ ပေါ်ဆန်း၊ ဧည့်မထ စသည့် ဆန်အမျိုးအစားများကိုသာ ရောင်းချလျက်ရှိပြီး အဆိုပါဆန် အမျိုးအစားများသည် ရန်ကုန်တိုင်းဒေသကြီးမြို့နယ်များရှိ ဆန်စက်များ၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း တိုင်းဒေသကြီးများရှိ ဆန်စက်များမှကြိတ်ခွဲထွက်ရှိသော ဆန်များကို ရန်ကုန်မြို့၊ ဝါးတန်းကုန်စည်ဒိုင်မှတစ်ဆင့် ပြန်လည်ဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်း၊ တံဆိပ် အမှတ်အသားများဖြင့် ပြန်လည်ထုပ်ပိုးရောင်း ချခြင်းဖြစ်ကြောင်းနှင့် ဆန်အမျိုးအစားများကို ရောနှောရောင်းချခြင်း မတွေ့ရှိကြောင်း စစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

စစ်ဆေးတွေ့ရှိချက်များအရ ဈေးကွက်အတွင်း ဆန်ဈေးနှုန်းများအား လစဉ်မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် သတ်မှတ်ရည်ညွှန်းစျေးများအတိုင်း ဈေးကွက်အတွင်းပုံမှန် အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးမြို့နယ်များ၏ လူဦးရေနှင့်စားသုံးမှုအရ စပါးစိုက်ပျိုးထွက်ရှိမှု အပေါ် ဆန်လိုအပ်ချက်ရှိသော်လည်း ဧရာဝတီ၊  ပဲခူး၊  မန္တလေး အစရှိသည့် တိုင်းဒေသကြီးများမှလည်း ဆန်စီးဝင်မှုများလည်းရှိသည့်အတွက်ကြောင့် လည်းကောင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းနှင့် သက်ဆိုင်ရာဌာနများမှလည်း ဆန်စျေးနှုန်း တည်ငြိမ်ရေး ဝိုင်းဝန်းကြပ်မတ်စစ်ဆေးဆောင် ရွက်လျှက်ရှိနေသည့်အတွက် ဈေးကွက် အတွင်း ဈေးနှုန်းအဆမတန်မြှင့်တက်ခြင်း၊ ဆန်ပြတ်လပ်မှု တို့ကိုမတွေ့ရှိရပဲပုံမှန် ဈေးကွက် အတွင်း၌သာအရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိကြောင်းသိရပါသည်။

DOCA(ရန်ကုန်)