
၂၀၂၅ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီးနှင့် နောက်ဆက်တွဲ ငလျင်များကြောင့် တိုင်းဒေသကြီးပြည်နယ်အချို့တွင် နေအိမ်၊ တိုက်တာ အဆောက်အဦများ ပြိုကြခြင်း ပျက်စီးဆုံးရှုံးခြင်းများဖြစ်ပွားခဲ့သဖြင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်မည့် ကာလတွင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများဖြစ်သော သွပ်၊ သံ၊ သံ ချောင်း၊ ဘိလပ်မြေ၊ အိမ်ရိုက်သံနှင့် သစ်အစရှိသည့် ပစ္စည်းများဝယ်လိုအား မြှင့်တက်လျက်ရှိရာ ဆောက်လုပ်ရေးလုပ် ငန်းသုံးပစ္စည်းများ တင်သွင်းသိုလှောင်ဖြန့်ဖြူးသည့် စက်ရုံ/အလုပ်ရုံ လုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်း၊ ရှိ/မရှိတို့ကို မြေပြင်ကွင်းဆင်းစစ်ဆေးကြပ်မတ်မှုများ ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။
ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းအရောင်းဆိုင် များနှင့် သိုလှောင်ရုံနေရာများအား စစ်ဆေးရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ၊ စားသုံးသူရေး ရာဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနတို့မှ တာဝန်ရှိသူများပူးပေါင်း၍ ၇.၅.၂၀၂၅ ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် တာမွေမြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်(၇)ဆိုင်သို့ သွားရောက်၍ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင် ထားမှုများ မရှိစေရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မရှိစေရေးတို့ကို ကွင်းဆင်း ကြပ်မတ် စစ်ဆေးဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းကို အသိပေး ပြောကြားကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)