၂၀၂၅ ခုနှစ်၏ ပထမ ၄ လတာကာလတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI) ဝင်ရောက်မှု ၄၀ ရာခိုင်နှုန်းနီးပါးမြင့်တက်ခဲ့သည့် ဗီယက်နမ်

Powered by Drupal

၂၀၂၅ ခုနှစ်၏ ပထမ ၄ လတာကာလတွင် ဗီယက်နမ်သည် အမေရိကန်ဒေါ်လာ ၁၃.၈၂ ဘီလီယံနီးပါးရှိသော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI)ရရှိခဲ့ပြီး ၂၀၂၄ ခုနှစ် တူညီသည့်ကာလထက် ၃၉.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အေဂျင်စီ၏ အဆိုအရ သိရပါသည်။ အသစ်မှတ်ပုံတင်သည့် မတည်ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန် ဒေါ်လာ ၅.၅၉ ဘီလီယံဖြင့် ၂၃.၈ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း တည်ရှိပြီးစီမံကိန်းများသို့ ထပ်တိုးရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုမှာ အမေရိကန်ဒေါ်လာ ၆.၄ ဘီလီယံဖြင့် ၃.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ မတည်ငွေပူးပေါင်းပါဝင်မှုနှင့် ရှယ်ယာပါဝင်မှုများမှာ အမေရိ ကန်ဒေါ်လာ ၁.၈၃ ဘီလီယံဖြင့် ၂.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ကမ္ဘာလုံးဆိုင်ရာမသေချာမရေရာမှုများ ရှိနေသော်လည်း ရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုဆက်လက်ကြီးထွားခြင်းသည် ရင်းနှီးမြှုပ်နှံသူ များက နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကို ယုံကြည်ချက်ပြည့်ဝနေသည်ကို ဖော်ပြနေကြောင်း အေဂျင်စီကပြောကြားခဲ့ပါသည်။ အာရှရင်းနှီးမြှုပ်နှံသူများသည် FDI ဝင်ရောက်မှုတွင် ဆက်လက်လွှမ်းမိုးထားပြီး စင်ကာပူက အမေရိကန်ဒေါ်လာ ၃.၂ ဘီလီယံဖြင့် ဦးဆောင်နေကာ ၎င်း၏နောက်တွင်တောင်ကိုရီးယားက အမေရိကန်ဒေါ်လာ ၂.၈ ဘီလီယံဖြင့် ရပ်တည်နေကြောင်း သိရပါသည်။ ကဏ္ဍအားဖြင့်ဆိုပါက ကုန်ထုတ်လုပ်ခြင်းနှင့် ပြုပြင်ထုတ်လုပ်ခြင်းလုပ်ငန်းသည် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၈.၉ ဘီလီယံကို ဆွဲဆောင်နိုင်ခဲ့ပြီး ၃၅.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ ၎င်း၏နောက်တွင် အိမ်ရာမြေကဏ္ဍက အမေရိကန်ဒေါ်လာ၂.၈၃ ဘီလီယံ၊ ပရိုဖက်ရှင်နယ်နှင့် သိပ္ပံ-နည်းပညာကဏ္ဍက အမေရိကန်ဒေါ်လာ ၆၁၁ သန်းနှင့် တည်းခိုသည့် ဝန်ဆောင်မှုကဏ္ဍက အမေရိကန် ဒေါ်လာ ၃၅၂ သန်းဖြင့် အသီးသီးရပ်တည်နေကြောင်း သိရပါသည်။

Reference; Vietnam Plus

DOCA(ရန်ကုန်)