ဆီနီဂေါနိုင်ငံ ဆန်ဂိုမာနယ်မှ ရေနံစည်ပေါင်း ၃.၈ သန်းခန့်ထွက်ရှိ

Powered by Drupal

 ဆီနီဂေါနိုင်ငံ၏ စွမ်းအင်ရေနံနှင့် သတ္တုတွင်းဝန်ကြီးဌာနသည် နိုင်ငံ၏ ၂၀၂၅ အစောပိုင်းမှစ၍ နိုင်ငံ၏ ဆန်ဂိုမာရေနံမြေသည် ရေနံစည်ပေါင်း ၃.၈ သန်းထုတ်လုပ်ရောင်းချ နိုင်ခဲ့ကြောင်း သိရသည်။ (SAN027၊ SAN028၊ SAN029 နှင့် SAN030) တို့နှင့် အတူဆန်ဂိုမာနယ် ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ဤရေနံနှင့်သဘာဝဓာတ်ငွေ့မြေအတွက် ခန့်မှန်ခြေအားဖြင့် စည်ပေါင်း ၃၀.၅၃ သန်းတွင် ၂၀၂၅ ခုနှစ်အတွက် အထွက်နှုန်းမှာမပြောင်းလဲ သေးကြောင်းဝန်ကြီး ဌာန၏ပြောကြားချက်အရသိရသည်။ ၂၀၂၅ ခုနှစ် ပထမသုံးလပတ်တွင် သဘာဝဓာတ်ငွေ့ စုစုပေါင်း ပမာဏ ၅၄၈.၀၇၈ ကုဗမီတာ ‌ရောင်းချခဲ့ရကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ အနောက်အာဖရိက နိုင်ငံ၏ မြို့တော် ဒါကာမှ ကမ်းလွန်ပင်လယ် ပြင်ကီလိုမီတာ ၁၀၀ ခန့်အကွာ တွင်တည်ရှိသော ဆန်ဂိုမာနယ်ပယ်သည် ပြီးခဲ့သောနှစ် ဇွန်လ ၁၁ ရက်နေ့တွင် ရေနံထုတ်ယူမှု စတင်ခဲ့သောသြစတြေးလျ ကုမ္ပဏီ Woodside Energy မှ လည်ပတ်လျှက်ရှိသည်။

Source : Xinhua                                                                    

DOCA(ရန်ကုန်)