
ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမလေးလအတွင်း ဆန် ၂၈၂၃၁၅ တန် တင်ပို့ခဲ့ ပြီး စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၂၀၉ သန်းရရှိခဲ့ကြောင်း ကမ္ဘောဒီးယား ဆန်စပါး အသင်းချုပ် (CRF) က မေလ ၅ ရက်နေ့ကထုတ်ပြန်ကြေညာခဲ့သည်။ ယခုနှစ်ဇန်နဝါရီလမှ ဧပြီလအတွင်း ဆန် ကုမ္ပဏီ ၄၈ ခုမှ နိုင်ငံနှင့်ဒေသပေါင်း ၅၉ ခုသို့ တင်ပို့ခဲ့ပြီး တင်ပို့သော နိုင်ငံများတွင် တရုတ်နိုင်ငံ သည် အဓိကတင်သွင်းသူ အဖြစ်တည်ရှိ နေကြောင်းသတင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ပြည်ပသို့ဆန်တင်ပို့မှု၏ ၇၇.၉၄ ရာခိုင်နှုန်းတွင် ဆန်မွှေး ၁၇.၁၅ ရာခိုင်နှုန်း၊ ဆန်ဖြူ ၂.၄၇ ရာခိုင် နှုန်း၊ အော်ဂဲနစ်ဆန် ၁.၉၅ ရာခိုင်နှုန်းနှင့် အခြားဆန်အမျိုးအစား ၀.၄၉ ရာခိုင်နှုန်းပါဝင်ကြောင်း သိရသည်။ ကမ္ဘောဒီးယားစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ နိုင်ငံခြားရေး ဝန်ကြီးဖြစ်သော ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က ဒေသတွင်းဘက်စုံပူးပေါင်းဆောင် ရွက်မှု (RCEP) သဘောတူညီချက်နှင့် ကမ္ဘောဒီးယား-တရုတ်လွတ်လပ်သောကုန်သွယ်မှုသဘော တူညီချက် (CCFTA) သည် ကမ္ဘောဒီးယားနိုင်ငံအတွက် ၎င်း၏ လယ်ယာထွက်ကုန်များကို တရုတ်နှင့်အခြား RCEP နိုင်ငံများသို့ အကောက်ခွန်မဲ့လိုက်လျောညီထွေ တင်ပို့နိုင်ရန် အုတ်မြစ်ချ ထားကြောင်း ပြောကြားခဲ့သည်။ ထိုသဘောတူညီချက်အရ ကမ္ဘောဒီးယားထွက်ကုန်များ အထူးသဖြင့် ဆန်စပါး၊ ငှက်ပျောသီး၊ သရက်သီး၊ ကနစိုသီး၊ ငရုတ်ကောင်း စသော ကမ္ဘောဒီးယား ထွက်ကုန်အချို့ကို ဦးစားပေး အခွန်အခများဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း Penn Sovicheat မှ ဆက်လက်ပြောကြားခဲ့သည်။
Source : Xinhua
DOCA(ရန်ကုန်)