မက္ကဆီကိုနိုင်ငံသည် နိုင်ငံ၏ သံမဏိ၊ အထည်အလိပ်၊ ဖိနပ်လုပ်ငန်းကို အကာအကွယ်ပေးနိုင် မည့် မဟာဗျူဟာကိုစတင်

Powered by Drupal

မက္ကဆီကိုအစိုးရသည် ၎င်း၏ နိုင်ငံတော်စတီးလ်၊ အထည်အလိပ်နှင့် ဖိနပ်လုပ်ငန်းကို ကာကွယ်ရန်နှင့် အားကောင်စေရန်မဟာဗျူဟာကို ၎င်း၏ Plan Mexico ပဏာမခြေလှမ်း၏ တစ် စိတ်တစ်ပိုင်းအဖြစ် မေလ ၅ ရက်နေ့တွင် တင်ပြခဲ့သည်။ အဆိုပါအစီအစဉ်သည် ပြည်တွင်း ထုတ်လုပ်မှုနှင့် အလုပ်အကိုင်းများကို ကာကွယ်ရန် ရည်ရွယ်ထားကြောင်း “Made in Mexico (Hecho en Mexico)” လှုပ်ရှားမှုကို ဇွန်လတွင် စတင်မည်ဖြစ်ကြောင်းစီးပွားရေးဝန်ကြီး Marcelo Ebrard က ပြောကြားခဲ့သည်။ သံမဏိ ကိစ္စနှင့်ပက်သက်၍ သံမဏိထုတ်ကုန်တင်သွင်းလိုသည့် ကုမ္ပဏီများသည် စီးပွားရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားရမည်ဖြစ်ပြီး ၎င်းတို့၏ သံမဏိစက် များ မည်သည့်နေရာတွင် တည်ရှိသည်ဖြစ်စေ လိုအပ်သော အသေးစိတ်အချက်အလက်များကို လို အပ်သလို တင်ပြရမည်ဖြစ်သည်။ ဤအစီအမံများသည် သွင်းကုန်လုပ်ငန်းရှင်များကို အခွန်ရှောင် ခြင်းမှ တားဆီးရန်ကြိုးပမ်းခြင်းဖြစ်ကြောင်း Ebrard မှပြောကြားခဲ့သည်။

Source : Xinhua

DOCA(ရန်ကုန်)