
စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၇.၅.၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံး၌ စားသုံးဆီလက်လီရောင်းချသူလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။
ဟောပြောပွဲတွင် ဟင်္သာတမြို့နယ်တာဝန်ခံ ဦးဘိုဘိုမှ ကုန်စုံဆိုင်လုပ်ငန်းရှင်များမှ တစ်ဆင့် အိမ်ထောင်စုများအား ဆီရောင်းချရာတွင် စနစ်တကျဖြန့်ခွဲပေးနိုင်ရေး၊ စားအုန်းဆီရောင်းချသော ကုန်စုံ ဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးပါ ဗွီနိုင်းများကို ဆိုင်ရှေ့တွင် ချိတ်ဆွဲထားရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးဆီရောင်းချသော လုပ်ငန်းရှင်များအနေဖြင့် ဈေး နှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဈေးကွက်အတွင်းဈေးနှုန်း မြှင့်တင်ရောင်းချခြင်းများတွေ့ရှိပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသောအရေးကြီးကုန်စည်နှင့်ဝန်ဆောင် မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအရ အရေးယူဆောင်ရွက်နိုင်သည့် အကြောင်းတို့ကို အသိပညာပေးဟော ပြောခဲ့ပြီး စားသုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များဘက်မှလည်းသိလိုသည်များ မေးမြန်း၍ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)