ခရမ်းမြို့နယ်ရှိအောင်ရတနာဆီစက်တွင်မြေပဲဆီများကြိတ်ခွဲထုတ်လုပ်ခြင်းအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

           ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် အမှတ်(၁၁)ရပ်ကွက်၊ အောင်ဇေယျလမ်းရှိ အောင်ရတနာဆီစက်တွင် ကြိတ်ခွဲသော ခရမ်းဒေသထွက် မြေပဲဆီများ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်တို့အတွက် ဧပြီလ (၁)ရက်နေ့၊  နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ခရမ်းမြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်နှင့် ဝန်ထမ်းများသည် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းရာတွင် ခရမ်းမြို့နယ်တာဝန်ခံမှ ဆီစက်ပိုင်ရှင် ဦးစိုးသန့်၊ ဒေါ်မီမီခိုင်တို့နှင့် တွေ့ဆုံပြီး မြေပဲဆီကြိတ်ခွဲရာတွင် ကုန်ကြမ်းရရှိမှုအခြေနေ၊ ဆီစက်ကြိတ်ခွဲ ထုတ်လုပ်နိုင်မှုနှင့် တစ်နေ့ကြိတ်ခွဲပိဿာချိန်၊ နဝလီ စက်ကြိတ်ခွဲခနှုန်းထား၊ လုပ်သားအင်အားနှင့် မြေပဲဆီရောင်းချသော ဈေးနှုန်းဈေးကွက် အခြေအနေများ၊ မြေပဲဖတ် ဈေးနှုန်းများအား စုံစမ်းခဲ့ရာ မြေပဲကုန်ကြမ်းအား မြေပဲရာသီချိန်တွင် သန်လျင်၊ သုံးခွ၊ ခရမ်းဒေသထွက်နှင့် ကဝမြို့နယ်ရှိ အရှေ့ခြမ်းကျေးရွာများရှိ မြေပဲစိုက်တောင်သူများ၏ မြေပဲများအား နဝလီမြေပဲ ကြိတ်ခွဲပေးလျက်ရှိပြီး မြေပဲဆီ (၁)ပိဿာ ကြိတ်ခွဲခမှာ(၁၈၀၀)ကျပ်ရှိ၍ တစ်နေ့ကြိတ်ခွဲ ထုတ်လုပ်မှုမှာ မြေပဲဆီ ပိဿာချိန် (၁၀၀၀)ချိန် ထုတ်လုပ်လျှက်ရှိပြီး လုပ်သားအင်အား(၃၀)ဦးဖြင့် နေ့၊ ည ဆီကြိတ်ခွဲ၍ ဆီစက်လည်ပတ်နေပြီး မတ်လအတွင်း ဆီ ပိဿာချိန် (၁၈၁၂၂) ကြိတ်ခွဲ ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရပြီး တောင်သူများရောင်းချသော မြေပဲဆံများအား ဝယ်ယူကြိတ်ခွဲ ထွက်ရှိသော မြေပဲဆီများကိုလည်း အောင်ရတနာ မြေပဲဆီသန့် တံဆိပ်ဗူးဆီများအဖြစ် ဒေသအတွင်း ဖြန့်ဖြူးရောင်းချလျှက်ရှိ၍ မြို့နယ် တာဝန်ခံမှ ဆီဗူးများတွင် ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိအား စစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထား၍ (FDA) ထောက်ခံချက်ရရှိထားသော ဗူးဆီများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပြီး မြေပဲဆီ (၁)ပိဿာတစ်ဗူးလျှင် (၁၇၅၀၀) ကျပ်ဖြင့် စားသုံးသူများအား ဖြန့်ဖြူးရောင်းချလျှက်ရှိကြောင်းနှင့် ဆီကြိတ်ခွဲ၍ ထွက်ရှိလာသော မြေပဲဖတ်များကိုလည်း (၁)ပိဿာလျှင် (၅၀၀၀)ကျပ် ဈေးနှုန်းဖြင့် ဝယ်ယူကြောင်း သိရသည်။

DOCA(ရန်ကုန်)