ခရမ်းမြို့နယ်မြို့မဈေးအတွင်းရှိကုန်မျိုးစုံဆိုင်များတွင်စည်သွပ်အစားအစာအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

          ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ဧပြီလ (၃)ရက်နေ့၊ ညနေ(၁၅:၀၀) နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ခရမ်းမြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင် နှင့် ဝန်ထမ်းများနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့ ဈေးတာဝန်ခံ တို့ပူးပေါင်း၍ မြို့မဈေးအတွင်း ရှိ ကုန်မျိုးစုံရောင်းချသော ဈေးဆိုင်များတွင် စည်သွပ်အစားအစာအမျိုးမျိုးအား ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် စည်သွပ်အစားစာအမျိုးမျိုးတွင် မြန်မာဘာသာ ဖြင့် ဖော်ပြရန် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)တွင် ညွှန်ကြားထားသော အချက်များဖြစ်သည့် ကုန်စည်အမျိုး အမည်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြ ချက်များ ထည့်သွင်းဖော်ပြထားမှုရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်၊ နောက်ဆုံးသုံးစွဲရမည့်ရက် ကျော်လွန်မှုမရှိစေရေး တို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး မြို့နယ်တာဝန်ခံက ကုန်မျိုးစုံရောင်းချသော ဈေးဆိုင်ပိုင်ရှင်များသည် ကုန်ပစ္စည်းများတင်သွင်း ဖြန့်ဖြူးရောင်းချသော စီးပွားရေးလုပ်ငန်းရှင်များဖြစ်၍ စားသုံးသူ ကာကွယ်ရေးဥပဒေ  (၄၁) ပုဒ်မခွဲ (ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာ သာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက် ဖြစ်စေ ရေးသားဖော်ပြထားသော ကုန်စည်များကိုသာ ဆိုင်တွင် တင်၍ ရောင်းချခြင်းဖြင့် စားသုံးသူများအား ရွေးချယ်ဝယ်ယူနိုင်ပြီး ဘေးအန္တရာယ်ကင်းရှင်းစေမည် ဖြစ်ကြောင်းအား အသိပညာပေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)