
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီဌာနအနေဖြင့် အိမ်ဆောက်ပစ္စည်းအမျိုးမျိုး အရောင်းဆိုင်များသို့ စစ်ဆေးရန် စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တောင်ပိုင်း ခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ ဧပြီလ(၄)ရက်၊ နံနက် (၀၉:၃၀)နာရီ အချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ ဖြင့် ကွမ်းခြံကုန်းမြို့နယ် မြို့မရဲစခန်းမှ ဒုရဲအုပ် သက်နိုင်စိုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မှ ဒုတိယဦးစီးမှူး ဦးအောင်ပြည့်စိုး၊ မြို့နယ်စည်ပင် သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးမိုးကျော် နှင့် ဝန်ထမ်းများ၊ မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့က အိမ်ဆောက်ပစ္စည်း ဘိလပ်မြေများ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေးအတွက် ကွမ်းခြံကုန်းမြို့နယ်၊ ဈေးပိုင်း ရပ်ကွက်ရှိ ဒေါ်ခင်မာဝေ အိမ်ဆောက်ပစ္စည်း အမျိုးမျိုးရောင်းဝယ်ရေးဆိုင် ကိုမင်းမင်း+ မဝါဝါ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်၊ ရွှေမေတ္တာမိသားစု အိမ်ဆောက်ပစ္စည်းနှင့် သင်္ဘောဆေးဆိုင်၊ ဦးရဲမြင့်+ ဒေါ်စန်းရီ အိမ်ဆောက်ပစ္စည်းဆိုင်များနှင့် တောင်ဘက်ပိုင်းရပ်ကွက် စိတ္တသုခလမ်းရှိ မအေးကြည် အိမ်ဆောက်ပစ္စည်း အမျိုးမျိုးရောင်းဝယ်ရေးဆိုင်များသို့ ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များ၏ပိုင်ရှင် လုပ်ငန်းရှင်များအား စားသုံးသူရေး ရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ပူးပေါင်းအဖွဲ့များက ယခုအချိန်သည် ပွင့်လင်း ရာသီဖြစ်သောကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင် နေကြသောကြောင့် အိမ်ဆောက်ပစ္စည်းနှင့် ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးတို့ကို တွေ့ဆုံဆွေးနွေး ကွင်းဆင်းစစ်ဆေးမှာကြားခဲ့ကြောင်းသိရသည်။
DOCA(ရန်ကုန်)