ဆန်စက်များ၏ ကြိတ်ခွဲထုတ်လုပ်မှုနှင့် Gasifierသုံးစွဲမှုများ ကွင်းဆင်းစစ်ဆေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်စက်မှုကြီးကြပ်နှင့် စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ၉-၅-၂၀၂၅ ရက်နေ့ ၊မွန်းလွဲပိုင်းက ညောင်တုန်းမြို့နယ် စပါးခွံလောင်စာသုံး Gasifier အသုံးပြုလည်ပတ်သည့် ဆန်စက်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

      ညောင်တုန်းမြို့နယ်အတွင်း Gasifier သုံးဆန်စက် (၈)စက်အား ဆန်စက်တာဝန်ခံများနှင့် ဒေါ်ချိုမီဇင် ဒုဦးစီးမှူးနှင့် တွေ့ဆုံ၍ လျှပ်စစ်ဓာတ်အား လိုအပ်ချက်၊ ဓာတ်အားရရှိသုံးစွဲနေမှု၊ စပါးခွံလောင်စာသုံး Gasifier များအသုံးပြုခြင်းကြောင့် ရရှိမည့်အကျိုးကျေးဇူးများ၊ အားသာချက်/ အားနည်းချက်များ၊ စပါးခွံလောင်စာသုံး Gasifier စတင်သုံးစွဲနိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်အောင် အဆင့်ဆင့်စီမံဆောင်ရွက်မှု လုပ်ငန်းများ၊ စပါးခွံကုန်ကြမ်းများ ရရှိသုံးစွဲမှု၊ စပါးခွံလောင်စာသုံး Gasifier မှ လျှပ်စစ်ထုတ်လုပ်နိုင်မှု၊ ပတ်ဝန်းကျင်ထိခိုက်မှုမရှိအောင် ဆောင်ရွက်နေမှု၊ စပါးခွံလောင်စာသုံး Gasifier အသုံးပြုခြင်းကြောင့် ကုန်ထုတ်လုပ်မှုစရိတ်များလျှော့ချနိုင်မှုနှင့် ပြည်တွင်း၌သုံးစွဲနေသည့် စပါးခွံလောင်စာသုံး Gasifier များ၏ စစ်ဆေးတွေ့ရှိမှု အခြေအနေတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး စပါးခွံလောင်စာသုံး Gasifier ၏ လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်နှင့် စပါးကြိတ်ခွဲနေမှုလုပ်ငန်းစဉ်အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုစစ်ဆေခဲ့ကြောင်း သတင်းရရှိသည်။

DOCA(ဧရာဝတီ)