ဘိုကလေးမြို့နယ် ရေတမာ သောက်ရေသန့်စက်ရုံသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ မေလ(၉) ရက်နေ့၊ နေ့လယ်  (၁၁:၀၀) နာရီအချိန်တွင် အမှတ် (၁၀) ရပ်ကွက်၊ စက်စုလမ်းရှိ ရေတမာသောက်ရေသန့်စက်ရုံသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးရေးအတွက် ကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးမှုတွင် ရေတမာသောက်ရေသန့်စက်ရုံမှ တစ်နေ့ထုတ်လုပ်မှု စွမ်းအားအရ ၁လီတာဘူးခြောက်လုံးပါ(၁)ကဒ်လျှင် (၂၅၀၀)ကျပ်ဖြင့် ကဒ်ရေ(၁၀၀)ခန့် ဒေသတွင်း ထုန်လုပ်ဖြန့်ဖြူးလျက်ရှိနေကြောင်း၊ လုပ်ငန်းလည်ပတ်နိုင်ရန် ဝန်ထမ်းအင်အား (၂)ဦး ခန့်အပ်ထားပြီး လုပ်ခလစာအနေဖြင့် (၃၀၀၀၀၀)ကျပ် ပေးအပ်ထားလျက်ရှိနေပါသည်။ ထုန်လုပ်သော ကုန်စည်မှာ စားသုံးသူများ စိတ်ကျေနပ်မှု ရှိစေရန် အလေးထားဆောင်ရွက်ခြင်း၊ လုံခြုံစိတ်ချရမှုရှိခြင်း၊ ကုန်အညွှန်းအမှတ်တံဆိပ်များ ထည့်သွင်းဖော်ပြထားခြင်းတို့ကို ဆောင်ရွက်ပေးမှုရှိကြောင်း လုပ်ငန်းပိုင်ရှင်ထံမှ သိရှိရပါသည်။ ထို့နောက် မြို့နယ်တာဝန်ခံမှ စက်ရုံမှထွက်ရှိသော စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်ရန်နှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးရေးတွင်လည်း ခေတ်မီစက်ကိရိယာများ တပ်ဆင်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)