ညောင်တုန်းမြို့နယ် မြို့မ အ.ထ.က  စာသင်ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြော

Powered by Drupal

          ဧရာဝတီတိုင်း‌‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်၊ မြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင်(ဒု-ဦးစီးမှူး) နှင့် ဝန်ထမ်း များသည် (၂၃.၆.၂၀၂၂) ရက်နေ့  (၁၀:၁၅) မှ (၁၂:၀၀)နာရီအချိန်ထိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ညောင်တုန်း မြို့မ အ.ထ.က- စာသင်ကျောင်းတွင် ကျောင်းသား/ ကျောင်းသူ ဆရာ/ ဆရာမ (၁၇၀) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြပါသည်။ 

         အဆိုပါဟောပြောပွဲတွင် မိတ်ဖက်ဌာနများမှလည်း သက်ဆိုင်ရာ ဌာနများ၏ လုပ်ငန်းဆောင်ရွက်ချက် ၊ စီမံချက်များအကြောင်းကို အသိပညာပေး ဟောပြောခဲ့ကြပြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ရုံးမှ ဒေါ်ချိုမီဇင်(ဒု-ဦးစီးမှူး) က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက် ရည်မှန်းချက်နှင့်  စားသုံးသူအခွင့်အရေးနှင့် စားသုံးသူများလိုက်နာရမည့် တာဝန်များအကြောင်း၊ စားသုံးသူကိုယ်တိုင်က ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူတက်စေရန်နှင့် လုပ်ငန်းရှင်တို့၏ တာဝန်များ လိုက်နာရမည့် အချက်များနှင့် စားသုံးသူများ ကုန်စည်ကို ရွေးချယ်ဝယ်ယူ အသုံးပြုရာတွင် ကုန်အညွှန်းအမှတ်အသားပါဝင်သော ကုန်စည်များကိုသာ ရွေးချယ် ဝယ်ယူကြရန်နှင့်  ကုန်စည်ဝယ်ယူအသုံးပြုရာတွင် နစ်နာဆုံးရှုံးမှု ရှိလာပါက နစ်နာဆုံးရှုံးမှုအတွက် စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း၊ဟောပြေဆွေးနွေးခဲ့ပြီး ဟောပြောပွဲမှ ကျောင်းသား/သူများက သိရှိလိုသည်များကို မေးမြန်းကြရာ အပြန်အလှန် ရှင်းလင်းဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)