ဖျာပုံခရိုင် ၊ ဘိုကလေးမြို့နယ်(၆)ရပ်ကွက်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး

Powered by Drupal

    ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ မေလ(၉)ရက်နေ့ (၆)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ရပ်ကွက်ပြည်သူ(၂၅)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက် ခဲ့ပါသည်။

    ထိုအသိပညာပေးပွဲတွင် ဘိုကလေးမြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေနှင့် စပ်လျဉ်း၍ စားသုံးသူပြည်သူများအား ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ကျန်းမာရေးအတွက် စိတ်ကျေနပ်မှု ရှိစေရေး၊ ကုန်စည်/ဝန်ဆောင်မှုများကို ရွေးချယ်ဝယ်ယူရာတွင် ဈေးကွက်အတွင်းရှိ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော ကုန်အညွှန်း အမှတ်အသား ဖော်ပြချက်များအကြောင်း၊  စားသုံးသူအခွင့်အရေးများအကြောင်းနှင့် စားသုံးသူများ ကုန်စည်/ဝန်ဆောင်မှုနှင့် ပတ်သက်၍ နစ်နာမှုတစ်စုံတစ်ရာရှိပါက (၁၅၃၅) သို့ တိုင်ကြားနိုင်ကြောင်းကိုလည်း ထည့်သွင်းအသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)