အမေရိကန်၏ ထုတ်ကုန်များ အပေါ် အခွန် ၄၉ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံပြီး နောက်တွင် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်နေသည့် Cambodia နိုင်ငံ

Powered by Drupal

               Cambodia ဝန်ကြီးချုပ် Hun Manet က ဧပြီလ ၄ ရက်နေ့၌ အမေရိကန်အစိုးရ၏ Cambodia နိုင်ငံမှ ထုတ်ကုန်များအပေါ် အခွန် ၄၉ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံရန် သတ်မှတ်ပြီး နောက်တွင် စေ့စပ်ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ အမေရိကန်နိုင်ငံသည် ဧပြီလ ၂ရက်နေ့တွင် Cambodia အပါအဝင် ၎င်း၏ ကုန်သွယ်ဖက်နိုင်ငံများမှ ကုန်ပစ္စည်းများကို အပြန်အလှန် အခွန်ကောက်ခံမည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ အမေရိကန်သည် Camobia နိုင်ငံမှ တင်သွင်းသော ကုန်ပစ္စည်းများကို ၂၀၂၅ခုနှစ် ဧပြီလ ၉ ရက်နေ့မှစ၍ ၄၉ရာခိုင်းနှုန်း တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း သိရပါသည်။ အမေရိကန် သမ္မတ Donald Trump သို့ပေးပို့သော စာစောင်တွင် Hun Manet က Donald Trump အား Cambodia ထုတ်ကုန်များအပေါ် အခွန်ကောက်ခံရန် အကောင်အထည်ဖော်မှုကို ရွေ့ဆိုင်းပေးရန် အတွက် စေ့စပ်ညှိနှိုင်းတောင်းဆိုမှုပြုခဲ့ပါသည်။ ထို့အပြင် ၎င်းသည် ယခု လက်ရှိ Cambodia နိုင်ငံရှိ အမြင့်ဆုံး အခွန်ကောက်ခံနှုန်းမှာ ၃၅ရာခိုင်နှုန်းသာ ရှိကြောင်းပြောကြားခဲ့ပါသည်။ ထို့နောက် Hun Manet က Cambodia နိုင်ငံအနေဖြင့် နှစ်နိုင်ငံကြား ကုန်သွယ်မှု ပိုမို အဆင်ပြေစေရန် အတွက် အမေရိကန်အစိုးရနှင့် အပြုသဘောဆောင်သောဆွေးနွေးမှုများ ဆောင်ရွက်ရန် အပြည့်အဝ ကတိကဝတ်ပြုနေဆဲဖြစ်ပြီ ၎င်းလုပ်ဆောင်ချက်မှ တစ်ဆင့် နှစ်နိုင်ငံပြည်သူများက အကျိုးကျေးဇူးများ ခံစားရမည်ဖြစ်ကြောင်း ထပ်ဆောင်းပြောကြားခဲ့ပါသည်။

Xinhua

DOCA(ရန်ကုန်)