ကျိုက်လတ်မြို့ ဗလီခြံရေကျော်ကျေးရွာရှိ ကြက်ခြံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့ရှိ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ် မေလ (၉) ရက်နေ့တွင် မွေးမြူးရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဗလီခြံရေကျော်ကျေးရွာရှိ ကြက်ခြံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

      အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ လမ်းညွှန်ချက်အရ စီးပွားရေးဖွံ့ဖြိုးမှု ရှိစေရေး၊ တစ်နိုင်တစ်ပိုင်မှ တစ်အုပ်တစ်မစီသို့ တိုးတက်ပြောင်းလဲနိုင်ရေးအတွက် အသားတိုးကြက်များ မွေးမြူရာ ကျိုက်လတ်မြို့ ဗလီခြံရေကျော်ကျေးရွာရှိ ဦးမြင့်စိန်နေအိမ်တွင် အသားတိုးကြက်ခြံပိုင်ရှင်များနှင့်ဆွေးနွေးခဲ့ရာ ပူးပေါင်းအဖွဲ့မှ အသားတိုးကြက်များ ပိုမိုမွေးမြူနိုင်ရေး ထုတ်ကုန်နှစ်ဆ တိုးမြင့်နိုင်ရေး နိုင်ငံတော်မှ မူလလက်ဟောင်း ငါးကန်ပေါ်ရှိ ကြက်ခြံများအား ဖျက်သိမ်းစေခြင်း မပြုတော့ဘဲ မွေးမြူနိုင်ရေးလုပ်ငန်းဖြစ်သော (MSME) လုပ်ငန်းအား ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ခွင့်ပြုပေးခဲ့ပါကြောင်း၊ ကြက်ခြံပိုင်ရှင်တို့မှလည်း  စီးပွားရေးလုပ်ငန်းများအတွက် အလိုငှာ ထုတ်လုပ်မှု ကုန်ကျစရိတ်များဖြစ်သော ငွေကြေးအတွက် နိုင်ငံတော်သက်သာ အတိုးနှုန်းဖြင့် ချေးငွေများ ပံ့ပိုးပေးစေချင်ကြောင်း ပြောကြားရာတွင် မွေး/ကုဦးစီးဌာနမှ ယခုနှစ် (၈ ဘီလီယံ) မှ ချေးငွေများ ရရှိအောင် ဦးစားပေးမည်ဖြစ်ကြောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ 

DOCA(ဧရာဝတီ)